ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်ချင်ခိုက်ချင်နေတာကြောင့် ရုရှားကို ငြိမ်းချမ်းရေးဆီ တွန်းအားပေးဖို့လိုပြီး မော်စကိုက တခြားနိုင်ငံတွေကို ဝင်သိမ်းပိုက်ခဲ့ပြီးနောက်မှာ အဲဒီစစ်ပွဲက ရုရှားဆီ ပြန်ရောက်လာတာပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သြဂုတ် ၁၂ ရက် ညစဉ်မိန့်ခွန်းထဲမှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံ အနောက်ဘက်ခြမ်း ကာ့စ်ခ်ဒေသကို ကိယက်ဗ်ရဲ့ အဓိက နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုဟာ ယူကရိန်းအတွက် လုံခြုံရေးကိစ္စဖြစ်ပြီး ရုရှားရဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ နေရာတွေက နယ်မြေတွေကို သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
“တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ဦးစီးချုပ် ဆာရ်စကီးက ရှေ့တန်းအခြေအနေနဲ့ အဓိက ကာကွယ်ရေး လမ်းညွှန်ချက်တွေအပြင် ကာ့စ်ခ်ဒေသ စစ်ဆင်ရေးတွေအကြောင်းနဲ့ ရုရှားစစ်တပ်က ဆူမီဒေသကို တိုက်ခိုက်ခဲ့တဲ့ နယ်မြေတွေ အပါအဝင် ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ကာ့စ်ခ်ဒေသမှာ နယ်မြေ စတုရန်းကီလိုမီတာ ၁,၀၀၀ လောက် ရှိတယ်လို့ အစီရင်ခံခဲ့ကြောင်း” ဇလန်းစကီးက ပြောပါတယ်။
ရုရှားအကြမ်းဖက်သမားတွေကို ဘယ်နေရာမှာရှိရှိ၊ တိုက်ခိုက်မှုတွေ ဘယ်ကနေလုပ်လုပ် သူတို့ကို ချေမှုန်းဖျက်ဆီးပစ်တာ၊ ရုရှား စစ်လေယာဉ်ကွင်း၊ ရုရှားထောက်ပံ့ပို့ဆောင်ရေး တွေကို ချေမှုန်းပစ်တာဟာ လုံးဝ တရားမျှတပါတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းက အမြဲတမ်း ငြိမ်းချမ်းရေးကို လိုချင်နေပြီး ငြိမ်းချမ်းရေးကိုလည်း သေချာပေါက် ရအောင်လုပ်မှာလို့ ပြောသွားပါတယ်။
ဩဂုတ် ၁၁ ရက်က ကိယက်ဗ်ဒေသမှာ မြောက်ကိုးရီးယား ဒုံးကျည်တစင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးနဲ့ သူ့အဖေ ၂ ယောက်စလုံး သေဆုံးခဲ့ပြီး နောက်ထပ် ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒုံးကျည်အမျိုးအစားကို ကျွမ်းကျင်သူတွေက အတိအကျ အကဲဖြတ်ထားပြီး ရုရှားပိုင်နက်နယ်မြေက ဘယ်ဒေသကနေ ပစ်လွှတ်ခဲ့တယ် ဆိုတာလည်း အတိအကျ သိရှိကြောင်း ပြောသွားပါတယ်။
စစ်ပွဲ စတင်ချိန်ကတည်းက ရုရှားပိုင်နက်ထဲကို ကိယက်ဗ်ရဲ့ အကြီးမားဆုံး ကျူးကျော်ဝင်ရောက်မှုကို ဆန့်ကျင်တဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကူတွေ မရောက်ရှိလာခင်မှာပဲ ရုရှားရဲ့ အနောက်တောင်ဘက် အစိတ်အပိုင်းတွေကို အင်အားချည့်နဲ့စေခဲ့ပါတယ်။
Photo-Reuters