Home
နိုင်ငံတကာ
နျူးကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူကို အီရန်နိုင်ငံခြားရေးဝန်ကြီး အဖြစ် အမည်တင်သွင်း
DVB
·
August 12, 2024
Photo-Reuters

အီရန်သမ္မတ မာဆွတ် ပါဇတ်ရှီယန်က အာဘတ်စ်အာရက်ချီကို အီရန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် သြဂုတ် ၁၁ ရက်မှာ နာမည်စာရင်း တင်သွင်းခဲ့တယ်လို့ အီရန်ပါလီမန်ဥက္ကဋ္ဌက ကျောင်းသားသတင်းကွန်ရက်မှာ တိုက်ရိုက် ကြေညာခဲ့ပါတယ်။

အာရက်ချီဟာ အီရန်အစိုးရနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ၂၀၁၃ ကနေ ၂၀၂၁ ခုနှစ်အတွင်း နျူးကလီးယားဆွေးနွေးပွဲတွေမှာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံရင့် လက်တွေ့ဝါဒီ သံတမန်တဦး ဖြစ်ပါတယ်။

သူဟာ တူရကီနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၂ နှစ်ကြာ ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၁၃ ခုနှစ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူအဖြစ် ကာလတိုအတွင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မိုဟမ်မဒ် ဂျာဗက် ဇာရိဖ်က အီရန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ချိန်က အာရက်ချီဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယ သြဇာအရှိဆုံး အရာရှိဖြစ်ပြီး ဥပဒေရေးရာနဲ့ နိုင်ငံတကာရေးရာ လက်ထောက်နဲ့ နိုင်ငံရေးဆိုင်ရာ အရေးကိစ္စတွေရဲ့ လက်ထောက်လို ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ဗြိတိန်နိုင်ငံ၊ ကန့်ထ်တက္ကသိုလ်ကနေ နိုင်ငံရေးတွေးခေါ်မှုဆိုင်ရာ ပါရဂူဘွဲ့ကို ရထားသူ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013