အစ္စရေးစစ်ဦးစီးချုပ် ဟာဇီဟာလေဗီက ဂါဇာ-အီဂျစ် နယ်စပ်ကို အဝေးကနေ စောင့်ကြည့်နိုင်ပြီး နယ်စပ်တလျှောက်ရှိ ဖီလာဒဲဖီစင်္ကြံလမ်း ခိုင်မာအားကောင်းမှုဟာ အစ္စရေးရဲ့ အနေအထားအတွက် အရေးပါတယ်လို့ ပြောထားတဲ့ ဗီဒီယိုကို သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ စစ်ဦးစီးချုပ် ဟာလေဗီဟာ ဂါဇာ-အီဂျစ် နယ်စပ်တလျှောက်ရှိ ဖီလာဒယ်လ်ဖီစင်္ကြံမှာ ရောက်ရှိနေတာပါ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လက်နက်မှောင်ခို ရောင်းဝယ်မှုတွေ ရပ်တန့်ရေးအတွက် ဂါဇာနဲ့ အီဂျစ်အကြားက နယ်နိမိတ်မျဉ်းကို အစ္စရေးက ဆက်လက် ထိန်းချုပ်ထားဖို့ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်းမှာ ပြောကြားခဲ့ပြီး ဟာလေဗီ ကလည်း လိုအပ်ရင် လိုအပ်သလို ဒီဧရိယာကို အဝေးကနေ စောင့်ကြည့်နိုင်တယ်လို့ ပြောပါတယ်။
ဟာလေဗီက“နိုင်ငံရေးအဆင့်မှာ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ အားလုံးအတွက် ပြင်ဆင်နေတာဖြစ်ပြီး သူတို့က ဖီလာဒဲဖီ စင်္ကြံလမ်းမှာ နေခိုင်းရင် ဘယ်လိုခိုင်မာအောင် နေရမလဲဆိုတာ သိလာမှာ ဖြစ်တယ်။ စောင့်ကြည့်ခိုင်းထားပြီး ဝင်ရောက်စီးနင်းဖို့ ညွှန်ကြားချက်တခု ဝင်လာတိုင်း ဘယ်လိုကောင်းအောင် လုပ်ရမလဲ ဆိုတာလည်း သိလာလိမ့်မယ်” လို့ ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကို အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုလားနေပြီး နေတန်ယာဟုကလည်း ဟားမတ်စ်တွေ ရှုံးနိမ့်သွားတာနဲ့ တိုက်ပွဲတွေ ပြီးဆုံးသွားလိမ့်မယ်လို့ ပြောထားတာပါ။
သဘောတူညီချက်ကို ဘယ်လိုအကောင်အထည်ဖော်မယ် ဆိုတဲ့အပေါ် သဘောထားကွဲလွဲမှု တွေလည်း ရှိနေပါတယ်။
Source-Reuters