ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ရုရှားနိုင်ငံ ခုရ်စ်ခ် ဒေသမှာ ယူကရိန်းစစ်တပ်ရဲ့ ကောင်းမွန်တဲ့ တိုးတက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စစ်ဆင်ရေးမှာ ယူကရိန်းအစိုးရဟာ ဗျူဟာမြောက် ပန်းတိုင်ကို အရောက်လှမ်းနေပြီလို့ သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
“ရုရှားလေယဉ်ကွင်းတွေကို တိတိကျကျ၊ အချိန်မီ၊ ထိထိရောက်ရောက် တိုက်ခိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ရဲ့ ယူကရိန်းဒရုန်းတွေဟာ လိုအပ်သလို အတိအကျ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒရုန်းတွေချည်းပဲ မလုပ်နိုင်တဲ့အရာတွေ ရှိပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ဟာ တခြားလက်နက်တွေဖြစ်တဲ့ ဒုံးကျည်လက်နက်တွေ လိုအပ်နေပါတယ်။ ဆက်လုပ်ဆောင်နေပါတယ်။ ယူကရိန်းအတွက် တာဝေး ဖြေရှင်းချက်တွေကို ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲပြီး အောင်ပွဲခံဖို့ဟာ အလှမ်းဝေးနေသေးတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေလို့ပါပဲ” လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
တယ်လီဂရမ်ပေါ်မှာ ထုတ်လွှင့်တဲ့ သူ့ရဲ့ ညစဉ် မိန့်ခွန်းအတွင်း ဇလန်းစကီးဟာ ရုရှားနိုင်ငံ အထဲက ပစ်မှတ်တွေကို တာဝေးပစ်တိုက်ခိုက်ဖို့ ခွင့်ပြုရေး မဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။
Source-Reuters