ချဲလ်ဆီးအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားရောင်းချမှုတွေကနေ ပေါင်သန်း ၂၀၀ ကျော် ရရှိဖို့ မျှော်မှန်းနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ပေါ်တူဂီနဲ့ ဝုဗ် တောင်ပံကစားသမား ပတ်ဒရိုနက်တိုကို ပေါင် ၅၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရှိကစားသမားတချို့ကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်လာခဲ့တာပါ။
ထွက်ပေါ်နေတဲ့သတင်းတွေအရ ကစားသမားစုစုပေါင်း ၉ ဦးကို ရောင်းချပြီး ငွေကြေးပြန်လည်ရှာဖွေဖို့ ချဲလ်ဆီးအသင်းက လုပ်ဆောင်လာခဲ့တာပါ။
တိုက်စစ်မှူးလူကာကူ၊ စတာလင်၊ ဂေါ်လဂါ၊ ဘင်ချီဝဲလ်၊ ချာလိုဘတ် အစရှိတဲ့ ကစားသမားတွေ အပါအဝင် ကစားသမား ၉ ဦးကို ရောင်းချဖို့ စီစဉ်ထားပြီး ပေါင် ၂၀၅ သန်းလောက် ရရှိဖို့ ချဲလ်ဆီးက ရည်မှန်းထားပါတယ်။
ချဲလ်ဆီးဟာ လက်ရှိအချိန်အထိ စုစုပေါင်းကစားသမား ၁၂ ဦးခေါ်ယူထားပြီး ဖြစ်ပါတယ်။
Photo-Reuters