ဆားဗီးယားနိုင်ငံ အနောက်ပိုင်းက ရီယိုတင်တို ကမ္ဘာလုံးဆိုင်ရာ သတ္တုတူးဖော်ရေးအုပ်စုရဲ့ လီသီယံသတ္တုတူးဖော်ရေး စီမံကိန်းကို ရပ်တန့်ဖို့ ဘယ်လ်ဂရိတ်နိုင်ငံ အလယ်ပိုင်းမှာ သြဂုတ် ၁၀ ရက်က လူပေါင်းသောင်းချီ စုဝေးပြီး တောင်းဆိုခဲ့ကြပါတယ်။
အနီးနားက မြေနဲ့ ရေတို့ ညစ်ညမ်းမှာကို ဆန္ဒပြသူတွေက စိုးရိမ်နေကြတာပါ။ ဆန္ဒပြသူတွေဟာ ထေရာဇိဂျ် ရင်ပြင်ဆီ ဦးတည်တဲ့ လမ်းတွေပေါ်မှာ စုရုံးခဲ့ကြပြီး ဆားဘီးယားအလံတွေကို ဝှေ့ယမ်းရင်း ရီယိုတင်တိုကို ချက်ချင်းရပ်၊ ဆားဘီးယားကို မပေးဘူး၊ စတဲ့စာသားတွေ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေဟာ သမ္မတ အလက်ဇန်းဒါးဗူစစ်နဲ့ သူ့အစိုးရကို ဖြုတ်ချဖို့ နိုင်ငံရေးအရ လှုံ့ဆော်မှုလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
သြဂုတ် ၉ ရက်က ဆားဘီးယားမှာ အာဏာသိမ်းဖို့ အစီအစဉ် ရှိနေတာကို ရုရှားအာဏာပိုင်တွေဆီက သတင်းရထားတယ်လို့လည်း ဗူစစ်က ပြောပါတယ်။
သတ္တုတွင်းတူးဖို့ စီစဉ်ထားတဲ့ ဂျဒါဒေသက လယ်သမားတဦးက ဘယ်လ်ဂရိတ်နိုင်ငံထဲက အဓိကရထားဘူတာနှစ်ခုကို ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေကို တောင်းဆိုခဲ့ပါတယ်။
ဆားဘီးယားနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေရဲ့ စိုးရိမ်မှုတွေကြောင့် လုပ်ငန်းစဉ်တွေကို အရင်အစိုးရက ရပ်ဆိုင်းထားခဲ့တာပါ။
ဒါပေမဲ့ ၂ နှစ်အကြာ ဥရောပရဲ့ အကြီးဆုံး လီသီယမ်သတ္တုတွင်း ဖြစ်လာမယ့် ဒီစီမံကိန်းကို ရီယိုတင်တိုက ပြန်လုပ်ဖို့ ပြီးခဲ့တဲ့လက လိုင်စင်ပြန်ပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် ဆားဘီးယားနိုင်ငံတဝန်းက မြို့တွေမှာ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက စနေနေ့မှာ သက်တမ်းကုန်မယ့် လစ်သီယံ တူးဖော်ထုတ်ယူမှုကို တားမြစ်ဖို့ အစိုးရကို နောက်ဆုံးရက် သတ်မှတ်ပေးခဲ့ပါတယ်။
တကယ်လို့ အကောင်အထည်ဖော်ရင် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိမယ့် ဂျဒါဒေသထဲက လီသီယံ ပရောဂျက်ဟာ ဥရောပရဲ့ လက်ရှိ လစ်သီယံလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကို ထုတ်ပေးနိုင်ပြီး ရီယိုတင်တိုကို ကမ္ဘာ့ထိပ်တန်း လီသီယံထုတ်လုပ်သူ ဖြစ်လာစေမှာပါ။
လစ်သီယံဟာ လျှပ်စစ်ကားတွေနဲ့ မိုဘိုင်းဖုန်းလို ပစ္စည်းတွေရဲ့ ဘက်ထရီတွေအတွက် အဓိကအစိတ်အပိုင်းတခု ဖြစ်ပါတယ်။
Source-Reuters