အာဂျင်တီးနားရဲတပ်ဖွဲ့ဟာ ဆန်အစ်ဆီဒရိုမြို့ထဲမှာ မီတာ ၁၀၀ ကျော် ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းတခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ဩဂုတ် ၈ ရက်က သတင်းထုတ်ပြန်ပါတယ်။
အိမ်နီးချင်းတဦးက မြို့လယ်က ဘဏ်တစ်ခုရှေ့ကလမ်းမှာ သံသယဖြစ်စရာ သံတန်း အကာအရံတွေ ရှိကြောင်း သတင်းပို့ခဲ့ပြီးနောက်မှာ ဥမင်လိုဏ်ခေါင်းကို တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် အလုပ်ရုံတခုဆီ ဦးတည်နေတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်ကို ခြေရာခံမိခဲ့ပါတယ်။ အနီးအနား ဈေးဆိုင်မှ စာရေးတဦးဖြစ်တဲ့ လူးကပ်စ်မာတင်က သူဟာ ပြီးခဲ့တဲ့အပတ်က ဆောက်လုပ်ရေး ယူနီဖောင်းတွေနဲ့ လူတွေ၊ အမှိုက်တွေအပြည့်တင်သွားတဲ့ အမှိုက်သယ် ထရပ်ကားတွေကို အလုပ်ရုံကနေ ဝင်လိုက်ထွက်လိုက် လုပ်နေတာကို မြင်တွေ့ခဲ့ရကြောင်း ပြောပြပါတယ်။
အမှိုက်ကားကြီးတစီးက အလုပ်ရုံနားမှာ တလလောက် မရှိတရှိ အကြာကြီးရပ်ထားတာကို ပြီးခဲ့တဲ့သီတင်းပတ်အထိ ပုံမှန်မြင်တွေ့ခဲ့ရကြောင်းနဲ့ တညမှာတော့ ပစ္စည်းထုတ်စရာရှိလို့ ဒီကိုလာရောက်ချိန်မှာ ထုရိုက်နေသလို ဆူညံသံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ပုံမှန်လို့ထင်နေတာကြောင့် လျစ်လျူရှုခဲ့တာပါ လို့လည်း ဆိုပါတယ်။ ဆန်အစ်ဆီဒရို မြို့တော်ဝန် ရာမွန်းလာနုစ်က ဒီဥမင်လိုဏ်ခေါင်းကို ရှာဖွေတွေ့ရှိမှုကြောင့် နှစ် ၁၀၀ အတွင်း ဒုတိယခိုးယူမှုကို တားဆီးနိုင်ခဲ့ကြောင်း X မှာ ရေးသားခဲ့ပါတယ်။