အင်္ဂလန်အသင်းအမြဲတမ်းနည်းပြရာထူးအတွက် လက်ရှိမန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာကို ခေါ်ယူ ခန့်အပ်သင့်ကြောင်း တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ အပြီးမှာ နည်းပြ ဆောက်ဂိတ်က ရာထူးကနေ နုတ်ထွက်ခဲ့တာကြောင့် အမြဲတမ်းနည်းပြတဦး ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
အင်္ဂလန်အသင်းအနေနဲ့ အကောင်းဆုံးနည်းပြကို ခေါ်ယူဖို့ ကြိုးပမ်းသွားရမှာဖြစ်ပြီး နည်းပြဂွါဒီယိုလာကို ခေါ်ယူခန့်အပ်နိုင်မယ်ဆိုရင် အောင်မြင်မှု ရရှိနိုင်ကြောင်းရွန်းနီက ပြောပါ တယ်။
အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ ကစားရမဲ့နေရှင်းလိဂ်ပွဲစဉ်တွေအတွက် ယူ-၂၁ နည်းပြ လီကာစ်လေကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတာပါ။
လီကာစ်လေဟာလည်း အင်္ဂလန်အသင်းကို တာဝန်ယူဖို့ ထိုက်တန်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်မယ်ဆိုရင် တချိန်က နည်းပြဆောက်ဂိတ်ရဲ့ လမ်းစဉ်အတိုင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ရွန်းနီက ပြောသွားပါတယ်။
photo-Reuters