အင်္ဂလန်နည်းပြရာထူးအတွက် ချဲလ်ဆီးနည်းပြဟောင်းနှစ်ဦးဖြစ်တဲ့ ဂရေဟမ်ပေါ်တာနဲ့ ပိုချက်တီ နိုတို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆောက်ဂိတ်က အနာဂတ်ကိစ္စမစဉ်းစားသေးဘဲ အသင်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးမှသာ ပြောပြလို့ ရနိုင်ကြောင်း ပြောပါတယ်။
လတ်တလော သတင်းတွေအရတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းနဲ့ လမ်းခွဲဖို့ ရှိနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
နည်းပြဆောက်ဂိတ်နေရာမှာ ဂရေဟမ်ပေါ်တာနဲ့ ပိုချက်တီနိုတို့ထဲက တဦးနဲ့ အစားထိုးခန့်အပ်ဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။
ဒါ့အပြင် အင်္ဂလန်ယူ-၂၁ နည်းပြ ကာစ်လေ၊ အက်ဒီဟောက်၊ သောမက်စ်တူဟယ် အစရှိတဲ့ နည်းပြတွေနဲ့လည်း သတင်းထွက်နေပါတယ်။