ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် မစဉ်းစားနိုင်သေးကြောင်း အစ်ဆွစ်နည်းပြ မက်ကန်နာက ပြောသွားပါတယ်။
မက်ကန်နာဟာ အစ်ဆွစ်အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၂ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ နည်းပြပိုချက်တီနိုနဲ့ လမ်းခွဲခဲ့ပြီးနောက် ငယ်ရွယ်ပြီး အလားအလာရှိတဲ့ လူငယ်နည်းပြတဦးကို ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
ချဲလ်ဆီးအသင်းရဲ့ လျာထားစာရင်းမှာ မက်ကန်နာလည်း ပါဝင်နေပြီး အပြောင်းအရွှေ့သတင်းတွေအပေါ် မစဉ်းစားနိုင်သေးကြောင်း မက်ကန်နာက ပြောပါတယ်။
နည်းပြတဦး သို့မဟုတ် ကစားသမားတဦးဟာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်ဆိုရင် အပြောင်းအရွှေ့သတင်းတွေက ထွက်ပေါ်စမြဲဖြစ်ပြီး အစ်ဆွစ်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း မက်ကန်နာက ပြောပါတယ်။
အသက် ၃၈ နှစ်ရှိ နည်းပြ မက်ကန်နာဟာ လိဂ်မန်နေဂျာများအစည်းအရုံးက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာနဲ့ အာတေတာ တို့ကို ကျော်ဖြတ်ပြီး ချန်ပီယံရှစ် အသင်းနည်းပြတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ပါတယ်။
Photo - Reuters