Home
မြန်မာသတင်း
ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်လျှင် အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန်
DVB
·
May 25, 2024
bit 2552024

ဒစ်ဂျစ်တယ်ငွေကြေးတွေ ရောင်းဝယ်လဲလှယ်ရင် ငွေစာရင်းပိတ်သိမ်းတာအပြင် ငွေကြေးဆိုင်ရာ ဥပဒေတွေနဲ့ ထောင်ဒဏ် ငွေဒဏ်ချမှတ်မယ်လို့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဗဟိုဘဏ်က မေ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ပြည်တွင်းသုံးငွေကို တဦးတည်းထုတ်ဝေသူနဲ့ စီမံခန့်ခွဲသူဖြစ်တယ်လို့ဆိုပြီး ၂၀၂၀ ပြည့်နှစ်၊ မေ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Cryptocurrency: Bitcoin(BTC)၊ Litecoin(LTC)၊ Ethereum(ETH) နဲ့ Perfect Money(PM) စတာတွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားတာ မရှိသလို  အဲဒါတွေကို ရောင်းဝယ် လဲလှယ်တာတွေလုပ်ဖို့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ခွင့်ပြုထားတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီငွေကြေးတွေကို ဖေ့စ်ဘွတ်ခ်အကောင့်တွေ၊ ပေ့ဂျ်တွေသုံးပြီး ရောင်းဝယ် လဲလှယ်တာတွေ မလုပ်ဖို့ အဲဒီတုန်းက ထုတ်ပြန်ထားခဲ့တာပါ။

အခုအခါ USDT (အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးတူတဲ့ ဒစ်ဂျစ်တယ်ငွေ)အပါအဝင် ဒစ်ဂျစ်တယ်ငွေတွေကို ရောင်းဝယ် လဲလှယ်တာ၊ USDT သုံးပြီး ဟွန်ဒီ ငွေလွှဲပို့လုပ်ငန်းတွေလုပ်နေတာကို တွေ့ရပြီး အဲဒီသူတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငွေစာရင်းတွေ ပိတ်သိမ်းတာ၊ တရားစွဲအရေးယူတာတွေ လုပ်နေတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါတွေလုပ်မယ်ဆိုရင် ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးနဲ့ အရေးယူမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားတာပါ။

ဒစ်ဂျစ်တယ်ငွေကြေးကို တရားမဝင်ဘူးလို့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာတုန်းက ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ သူတို့ရဲ့ ဘဏ်စနစ်မှာ ဒစ်ဂျစ်တယ်ငွေကြေးကို ထည့်သွင်းအသုံးပြုနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Pexels

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013