မန်ယူအသင်းနည်းပြရာထူးအတွက် ချဲလ်ဆီးနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။
မန်ယူအသင်းကို ဟော်လန်နည်းပြ အဲရစ်တန်ဟတ်ဂ်က တာဝန်ယူနေဆဲဖြစ်ပေမဲ့ မန်စီးတီးနဲ့ FA ဖလား ဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်လိမ့်မယ်လို့ ဗြိတိန်မီဒီယာတွေက ခန့်မှန်း သုံးသပ်ကြပါတယ်။
လာမယ့်ရာသီမှာ မန်ယူနည်းပြသစ်ရာထူးအတွက် ချဲလ်ဆီးအသင်းကနေ ပူပူနွေးနွေး ထွက်ခွာလာခဲ့တဲ့ အာဂျင်တီးနားနည်းပြ ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။
ပိုချက်တီနိုဟာ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရခဲ့ပေမဲ့ အသင်းဘက်က လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ မန်ယူအသင်းကို အဲရစ်တန်ဟတ်ဂ် တာဝန်မယူခင်ကတည်းက မန်ယူအသင်းနဲ့ သတင်းထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
Photo-Reuters