ပရီးမီးယားလိဂ်လို ကမ္ဘာ့အကောင်းဆုံးလိဂ်က လီဗာပူးအသင်းရဲ့ ကမ်းလှမ်းချက်ကို မငြင်းဆန်နိုင်ခဲ့ကြောင်း နည်းပြအန်းစလော့က ဝန်ခံသွားပါတယ်။
ဟော်လန်နည်းပြဟာ ဖီယင်နုအသင်းပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားရာမှာ လီဗာပူးကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို မငြင်ဆန်းနိုင်ခဲ့ ကြောင်း ထည့်သွင်းပြောသွားတာပါ။
လီဗာပူးအသင်းဟ အသက် ၄၅ နှစ်ရှိ နည်းပြအန်းစလော့အတွက် ဖီယင်နုအသင်းကို ပေါင် ၇ ဒသမ၇သန်း ပေးချေခဲ့ရပြီး အောင်မြင်မှုအပေါ်မူတည်ကာ စုစုပေါင်း ပေါင် ၉ ဒသမ ၄ သန်းအထိ ပေးချေရနိုင်ပါတယ်။
ဖီယင်နုအသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်ချက်က လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ခဲ့ပေမဲ့ ဘောလုံးနည်းပြတဦးအနေနဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ဆီသွားဖို့ မငြင်ဆန်နိုင်ခဲ့ကြောင်း အန်းစလော့က ပြောသွားပါတယ်။
Photo-Reuters