Home
မြန်မာသတင်း
မတူပီဒေသက ကလေးနှင့်ကိုယ်ဝန်ဆောင်များ ကာကွယ်ဆေးမရသဖြင့် အခက်ကြုံ
DVB
·
May 22, 2024
matu-222024

မတူပီမြို့နယ်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးတွေ မရကြကြတာကြောင့် အခက်အခဲကြုံတွေ့နေကြတယ်လို့ ကိုယ်တိုင်ကြုံရတဲ့သူတွေက ပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ချင်းပြည်နယ်၊ မတူပီမြို့နယ်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကျန်းမာရေးဌာနကနေ လိုအပ်လို့ ပေးနေတဲ့ ကာကွယ်ဆေးအမျိုးမျိုးကို မရကြဘူးလို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံတွေ့သူတဦးက “ကာကွယ်ဆေးမရဘူး၊ ကိုယ်ဝန်ဆောင်မိခင်တွေကော ကလေးတွေပါ မရဘူးရှင့်။ မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးကို ချပေးစေချင်တယ်” လို့ ပြောပါတယ်။ 

ချင်းပြည်နယ်က ပြည်သူလူထုတွေရဲ့ ခုခံတွန်းလှန်စစ်တွေကြောင့် စစ်ကောင်စီတပ်ဟာ မြို့ကြီးတွေရဲ့ လူဝင်၊ လူထွက်ကို တင်းကျပ်ထားပါတယ်။ တချို့မြို့တွေဆို သာမာန်ပြည်သူလူထုတွေတောင် ဝင်၊ ထွက်ဖို့ ခက်ခဲတာကြောင့် ကျေးရွာတွေမှာနေထိုင်တဲ့  ကိုယ်ဝန်ဆောင်အများစုဟာ ဆေးရုံး၊ ဆေးခန်းတွေမှာ ကာကွယ်ဆေး မထိုးကြရတော့တဲ့အပြင် မီးဖွားရာမှာလည်း ရွာမှာပဲ ကိုယ်တိုင်မီးဖွားနေရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေပါတယ်။

ဒေသခံတဦးက “စစ်တပ်က အာဏာသိမ်းပြီးတော့ မြို့ထဲလည်းသွားလို့မရဘူး။ စစ်သားတွေက မသွားခိုင်းဘူးဆိုတော့ ဆေးလည်းမထိုးတော့ဘဲ ဒီအတိုင်းပဲနေလိုက်တော့တာ။ ကျနော်တို့ရွာဆိုရင် မြို့ထဲသွာ;လို့မရတော့ဘူးဆိုတော့ အာဏာသိမ်းနောက်ပိုင်း ကလေးမွေး လည်း ဒီအတိုင်းပဲ ရွာမှာပဲမွေးလိုက်တော့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်က ကျေးလက်နေပြည်သူလူထုတွေရဲ့ အခြေခံကျန်းမာရေးဆိုင်ရာ ကဏ္ဍရပ်တွေကို ကန့်သတ်ပိတ်ဆို့ ဖြတ်တောက်ထားပါတယ်။ 

ဒါ့ကြောင့် နာတာရှည် လူနာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရာသီပေါ် ရောဂါတွေခံစားရတဲ့ ပြည်သူတွေမှာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေလည်း ဆက်တိုက်ရှိနေပါတယ်။ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သေခြာစာရင်းကောက်ယူ ထုတ်ပြန်တဲ့ အဖွဲ့အစည်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ခွန်ဇော်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013