Home
အားကစား
ချဲလ်ဆီးရလဒ်ကောင်းမွန်နေမှုအပေါ် အံ့အားသင့်စရာမရှိဟု နည်းပြ ပိုချက်တီနိုပြော
DVB
·
May 16, 2024
Chelsea_16052024

ချဲလ်ဆီးအသင်းရဲ့ ရလဒ်တွေ ကောင်းမွန်နေမှုအပေါ် အံ့အားသင့်စရာမရှိကြောင်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲ ဆက်လက်ရယူနိုင်ခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။

အသင်းရဲ့စွမ်းဆောင်ရည်က ရာသီအစကတည်းက ကောင်းမွန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခြေစွမ်းသာမက ရလဒ်ပိုင်းပါ ကောင်းမွန်လာတာဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောပါတယ်။

လူတွေက အသင်းရဲ့ ရလဒ်ပိုင်းတွေကိုပဲ ကြည့်ပြီး ဝေဖန်ကြတာဖြစ်လို့ ရာသီအစပိုင်းက မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံးပွဲစဉ်မှာ သရေတမှတ်ရရှိရုံနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013