Home
နိုင်ငံတကာ
သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ၏သား ရွေးကောက်ပွဲ ဝင်ပြိုင်မည်
DVB
·
August 9, 2024
Photo -REUTERS

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာရဲ့သား နာမားလ် ရာဂျာပက်ဆာဟာ စက်တင်ဘာ ၂၁ ရက် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောကြားလိုက်ပြီး အကဲခတ် အတော်များများကတော့ လက်ရှိသမ္မတ ရာနေးလ် ဝစ်ကရာ မန်ဆင်းဂ်ကို ရှေ့ပြေးခေါင်းဆောင်တယောက်အဖြစ် မြင်ထားပါတယ်။

သူဟာ သမ္မတအဖြစ် အာဏာ ၂ ကြိမ် ရခဲ့တဲ့ မဟင်ဒါ ရာဂျာပက်ဆာရဲ့ အကြီးဆုံးသားဖြစ်ပြီး ပါလီမန်အမတ်နေရာအများစု ရထားတဲ့ သီရိလင်္ကာ ပိုဒူဂျနာ ပေရာမူဒါ (SLPP) ပါတီရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အဲဒီပါတီကိုလည်း သူ့ဦးလေးဖြစ်သူ ဘာစီးလ်က တည်ထောင်ထားတာပါ။

“စိန်ခေါ်မှုကို လက်ခံဖို့ အဆင်သင့်ပါပဲ။ အကျပ်အတည်းတခုမှာ ခေါင်းဆောင်တွေနဲ့ လူငယ်တွေကို လိုအပ်ပါတယ်။ ပါတီတခုအနေနဲ့ ထောက်ခံသူတွေနဲ့ ပါတီရဲ့ အခြေခံမူတွေကို ယုံကြည်ပြီးတော့ ပါတီဟာ လူငယ်တွေရဲ့ဆန္ဒကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်” လို့ အဖွဲ့ဝင် ၂၂၅ ဦးပါ ပါလီမန်မှာ အမတ်လည်းဖြစ်တဲ့ နာမားလ် ရာဂျာပက်ဆာက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ပါလီမန်က ရွေးကောက်တင်မြှောက်ခံရတဲ့ ဝစ်ကရာမန်ဆင်းဂ်ဟာ အိန္ဒိယသမုဒ္ဒရာနိုင်ငံရဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကို ကျော်ဖြတ်ကာ ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။

အဲဒီဘဏ္ဍာရေးအကျပ်အတည်းဟာ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာကို ရာထူးကနေ နုတ်ထွက်သွားရတဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာစေတဲ့ တွန်းအားဖြစ်ခဲ့ပါတယ်။

နာမားလ် ရာဂျာပက်ဆာဟာ မကြာသေးခင်က လက်ရှိသမ္မတ ရာနေးလ် ဝစ်ကရာ မန်ဆင်းဂ် ကို ထောက်ခံကြောင်း ကြေညာခဲ့တဲ့ ပါလီမန်အမတ် ၉၂ ဦးနဲ့ ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

သူ့ဦးလေးရဲ့ပါတီကနေ ခွဲထွက်ပြီးတော့ သူ့ရဲ့ ဝင်ရောက်ရွေးချယ်ခံ ယှဉ်ပြိုင်မှုအတွက်လည်း ထောက်ခံမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ ပြင်းထန်နေပေမဲ့လည်း တအိမ်တည်းကနေ သမ္မတ ၂ ယောက် ထွက်ထားတဲ့ သြဇာကြီးမိသားစုဟာ သူတို့ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မှု ရှိ၊ မရှိ နာမားလ် ရာဂျာပက်ဆာရဲ့ သမ္မတလောင်းအဖြစ် ဝင်အရွေးခံမှုနဲ့ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013