ပဲရစ်အိုလံပစ်ဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၆ ရက် မနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့ကြရာမှာ အိမ်ရှင်ပြင်သစ်က ၃ ဂိုး အီဂျစ်ကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ပါ တယ်။
အီဂျစ်အသင်းကပွဲချိန် ၆၂ မိနစ်မှာပဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမဲ့ တိုက်စစ်မှူး မက်တီတာရဲ့ ၈၃ မိနစ်မှာ သွင်းခဲ့တဲ့ချေပဂိုးကြောင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာပါ။
အချိန်ပိုဆက်လက် ကစားခဲ့ရာမှာ ပွဲအစ ၂ မိနစ်မှာပဲ အီဂျစ်အသင်းကတစ်ယောက် ထုတ်ပယ်ခံခဲ့ရလို့ ပြင်သစ်အသင်း အသားစီးရရှိသွားခဲ့တာပါ။
ပြင်သစ်အတွက် အနိုင်ဂိုးတွေကို အချိန်ပို ပွဲချိန် ၉၉ မိနစ်မှာ မက်တီတာက တဂိုး၊ ၁၀၈ မိနစ်မှာ အိုလစ်ဆီက တဂိုးသွင်းယူခဲ့တာပါ။
တခြားဆီမီးဖိုင်နယ်မှာတော့ စပိန်အသင်းကခြေစွမ်းပြနေတဲ့မော်ရိုကို ကို နောက်ကျ အနိုင်ဂိုးနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
ပြင်သစ်နဲ့ စပိန်တို့ရဲ့ အိုလံပစ်ဗိုလ်လုပွဲကို လာမယ့် သြဂုတ် ၉ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Photo-Reuters