ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားပါတယ်။
ဝန်ကြီးချုပ် ဟာစီနာ နိုင်ငံကနေ ထွက်ခွာသွားတဲ့အကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲက အတည်ပြုပြောကြားလိုက်ပြီး သူ့အနေနဲ့ ကြားဖြတ်အစိုးရကို အကူအညီပေးမယ်လို့ ပြောတဲ့အကြောင်း Time of India သတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သြဂုတ် ၄ ရက်က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ လူတဒါဇင်ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် အခုလို ဝန်ကြီးချုပ် ဟာစီနာ နိုင်ငံကနေ ထွက်ပြေးသွားခဲ့တာပါ။