အိန္ဒိယနိုင်ငံ အနောက်ဘက် ဂူဂျာရတ်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဦးနှောက်ရောင်ရောဂါ ဗိုင်းရပ်စ်ကြောင့် အနည်းဆုံး လူ ၅၆ ဦး သေဆုံးခဲ့ပြီးနောက်မှာ အားမဒ်ဒဘာ့မြို့ရဲ့ မြူနီစီပယ် ကော်ပိုရေးရှင်းက အဖွဲ့ဝင်တွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဦးနှောက်ရောင်ရောဂါအတွက် စောင့်ကြည့်မှုကို ဇူလိုင် ၃၁ ရက်မှာ အရှိန်မြှင့်ခဲ့ပါတယ်။
ဇုန် ၇ ခုနဲ့ ရပ်ကွက်တိုင်းမှာ ချန်ဒီပူရာ ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်မှု ပြုလုပ်ခဲ့ပြီး မုတ်သုံရာသီလည်းဖြစ်လို့ ဒီဧရိယာတခုလုံးက ဆင်းရဲသားရပ်ကွက်တိုင်းနဲ့ ဆင်းရဲသားရပ်ကွက်လို နေရာမျိုးတွေမှာ ဆေးမီးခိုးငွေ့မှုတ်တာ၊ ဆေးမှုန့်ဖြူးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ငှက်ဖျားရောဂါစစ်ဆေးရေးမှူး ဆဘာမာတီ ကလည်း IRS အိမ်တွင်းဖျန်းဆေးတွေ ဖျန်းပေးပြီး ရေကြွင်းကျန်တတ်တဲ့ နေရာတွေမှာလည်း ဆေးခဲ ထည့်ပေးထားကြောင်း ပြောပါတယ်။
အနောက်ပိုင်းဇုန်က လက်ထောက်ကျန်းမာရေးအရာရှိ ဂျီတီ မက်ဗနာက အဖျားရှိသူတွေကိုလည်း သွေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ဘယ်သူ့ကိုမဆို ကုသပေးမယ်လို့လည်း ပြောပါတယ်။
ဂူဂျာရတ် ကျန်းမာရေးကော်မရှင်နာ ဟာရှက်ဒ် ပတေးလ်ရဲ့ အဆိုအရ ပြီးခဲ့တဲ့လအတွင်း သေဆုံးသူ ၅၆ ဦးထဲမှာ ၄ ပုံ ၁ ပုံဟာ ချန်ဒီပူရာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။
မုတ်သုံရာသီအတွင်း အိန္ဒိယနိုင်ငံရဲ့ နေရာအများစုမှာ အဖြစ်များလေ့ရှိပေမဲ့ ဂူဂျာရတ်မှာ သေဆုံးမှု အများစုဟာ ၁၅ နှစ်အောက် ကလေးအများစုကို သက်ရောက်မှုရှိနိုင်တဲ့ ချန်ဒီပူရာ ဗိုင်းရပ်စ်ပိုး ပုံစံအသစ်ကြောင့်ဖြစ်ပြီး နိုင်ငံရဲ့အနောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဖြစ်ပွားမှုတွေရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။
ချန်ဒီပူရာ ဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့တဲ့ အနောက်ပိုင်း မဟာရပ်ရှ်ထရာပြည်နယ်ရှိ မြို့ငယ်လေးကို အစွဲပြု နာမည်ပေးထားတာဖြစ်ပြီး ဦးနှောက်ရောင်ခြင်းကို ကြိုးကြားကြိုးကြား ဖြစ်စေတယ်လို့ လူသိများပါတယ်။
ဆင်းရဲသားရပ်ကွက်က ရွှံ့အိမ်၊ တဲအိမ်တွေရဲ့ အက်ကြောင်းထဲမှာ ခိုမှီးပေါက်ပွားကြတဲ့ သဲယင်ကောင်တွေနဲ့ မှက်တွေကနေတဆင့် ကူးစက်လေ့ရှိတဲ့ ဒီရောဂါကြောင့် အဖျားကြီးပြီး ရောဂါဖြစ်ပွားမှု အများအပြားမှာ ဦးနှောက်ကို ထိခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။
Source-Reuters