Home
နိုင်ငံတကာ
အိန္ဒိယတွင် မြေပြိုမှုကြောင့်  လူ ၄၀ ကျော် သေဆုံး
DVB
·
July 30, 2024
Photo - Reuters

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကီရာလာပြည်နယ်မှ တောင်ကုန်းတွေမှာ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့ပြီး ဒေသတွင်းမှာ အဓိက တံတားတခု ပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ 

လူ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ချာလီယာမြစ်အတွင်း လူအများအပြား မျောပါသွားဖွယ်ရှိကြောင်း  ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာဂျော့ခ်ျက ပြောကြားချက်ကို Indian Express သတင်းမှာ ဖော်ပြထားပါတယ်။ 

ပြည်နယ်ရဲ့ ဝါယနဒ် ခရိုင် ချူရယ်လ်မလာမြို့ရဲ့ ဧရိယာတလျှောက်မှာ ရွှံ့ရေတွေ စီးဆင်းလာတာကြောင့် ဒေသခံလူတွေဟာ အပျက်အစီးပုံတွေရဲ့ထိပ်မှာ၊ သစ်ပင်အကျိုးတွေပေါ်မှာ ရပ်နေကြရပါတယ်။

ကီရာလာပြည်နယ်ဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံ ဖြစ်လေ့ဖြစ်ထရှိပြီး ၂၀၁၈ ခုနှစ်တုန်းကလည်း အဆိုးရွားဆုံးရေကြီးမှု ကြုံခဲ့ရကာ လူပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024