Home
မြန်မာသတင်း
တပတ်အတွင်း မြန်မာစစ်ဘေးဒုက္ခသည် ၁,၅၀၀ ကျော် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး
DVB
·
July 28, 2024

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာစစ်ဘေး ဒုက္ခသည် ၁,၅၀၀ ကျော် ထပ်မံဝင်ရောက်လာခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Statesman သတင်းဌာနက ဇူလိုင် ၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။

ချင်းစစ်ဘေးဒုက္ခသည်တွေဟာ စစ်တပ်၊ ချင်းအမျိုးသားတပ်မတော် CAN နဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယရောက် မြန်မာစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတယောက်က “အိန္ဒိယမှာ စစ်ဘေးလာရှောင်တဲ့ သူတွေက အတော်လေးများလာတယ်။ အရင်တုန်းက Camp ထဲမှာ နေလာတဲ့သူက ၄ သောင်းကျော် ၅ သောင်းမပြည့်တာကနေ ၅ သောင်းကျော်လာပြီပေါ့။ Camp ပြင်ပမှာနေလိုက်သူ အားလုံးပေါင်းလိုက်ရင် ၆ သောင်းကျော်တဲ့ အနေအထားရှိလာပြီ။ မီဇိုရမ်မှာ စစ်ဘေးရှောင်လာတဲ့သူတွေရဲ့ စိန်ခေါ်မှုက အလုပ်အကိုင်အခွင့်အလမ်း လုံးဝမရှိဘူး။ အလှူရှင်တွေကိုပဲ စောင့်ပြီးနေရတဲ့ အနေအထားပေါ့နော်” လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင် ၅ ခုမှာ လာရောက်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၃၅,၁၂၀ ဦး ရှိပြီလို့လည်း သတင်းမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့  နယ်နိမိတ် ၅၁၀ ကီလိုမီတာ ထိစပ်နေတဲ့အတွက် ဒုက္ခသည်တွေ အလွယ်တကူ ဝင်ရောက်ရွှေ့ပြောင်းသွားလာနိုင်တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013