အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေမြို့မှာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်မြောက် အထိမ်းအမှတ်နေ့နဲ့ Burma Day အလံတင်ပွဲ အခမ်းအနားကို ဒေသအချိန် ဩဂုတ် ၃ ရက်က ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားမျိုးဆက်တွေ၊ ဗကသ(ဆန်ဖရန်စစ္စကို)တို့ စုပေါင်း ကျင်းပပါတယ်။
Burma Day နေ့အထိမ်းအမှတ်အဖြစ် ခွပ်ဒေါင်းအလံတော်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံတော်တို့ကို အမေရိကန်အလံတော်နဲ့အတူ တွဲတင်ခဲ့ပါတယ်။
အခမ်းအနားကို ကျောင်းသားကျောင်းသူတွေ၊ မျိုးဆက်သစ်လူငယ်တွေ၊ ၈၈၈၈ အင်အားစုတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ထောက်ပို့ပြည်သူတွေ တက်ရောက်ခဲ့ကြပြီး သမိုင်းအဆက်ဆက် ကျဆုံးသွားတဲ့ အာဇာနည်အပေါင်းအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။
မျိုးဆက်သစ်လူငယ်တွေကလည်း သူတို့အမြင်သဘောထားတွေကို ပြည်သူ့အရေးတော်ပုံကြီး နှစ်ပတ်လည်နေ့မှာ ထုတ်ဖေါ်ပြောကြားခဲ့ကြပါတယ်။