အစ္စရေးကို အီရန်ရဲ့တိုက်ခိုက်မှုက ကာကွယ်ဖို့ အမေရိကန်စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ ကို အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ထားတယ်လို့ ပင်တဂွန်က ပြောပါတယ်။
အီရန်မှာ ဟားမက်စ်ခေါင်းဆောင်ဟာနီယာ လုပ်ကြံခံရပြိးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်နေလို့ အခုလို တပ်ဖြန့်ထားတာဖြစ်ပါတယ်။
ဒုံးကာကွယ်ရေး တပ်တွေကို အဲဒီဒေသမှာ တပ်ဖြန့်ထားပြီး အသင့်အနေအထား ပြင်ဆင်ထားတယ် လို့ ပင်တဂွန်က ဆိုပါတယ်။
ဒါဟာ အစ္စရေးကို အကာအကွယ်ပေးမယ်လို့ ကတိပြုထားတဲ့အတိုင်း ပြုလုပ်တာဖြစ်တယ်လို့ လည်း ပင်တဂွန်က ထပ်လောင်းပြောဆိုထားပါတယ်။
ဟာနီယာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ အပြစ်ပေးမှုတွေပြုလုပ်ဖို့ သဓိဌာန်ချထား ကြောင်း အီရန်ခေါင်းဆောင်ခါမေနီက ကြေညာခဲ့ပြီးနောက် အခုလို စစ်ရေးတိုးမြှင့်မှုတွေ ပြုလုပ်ထားတာပါ။
ဟားမက်စ်ခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့က တီဟီရန်မှာ လုပ်ကြံခံခဲ့ရတာဖြစ်ပြီး ဒီတိုက်ခိုက်မှု အတွက် အစ္စရေးကို အီရန်က အပြစ်တင်ထားပါတယ်။
အသက် ၆၂ နှစ်အရွယ်ရှိ ဟာနီယာဟာ ဟားမက်စ်အဖွဲ့ရဲ့ ခေါင်းဆောင် တဦဖြစ်ပြီး ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်ဆဲရေးအတွက် ဆွေးနွေးမှုမှာပါဝင်တဲ့ အဓိက ခေါင်းဆောင် တဦးဖြစ်ပါတယ်။
ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်တပ်တွေကို အစ္စရေးကာကွယ်ဖို့ တိုးမြှင့်ထားပြီး ဖြစ်လာသမျှအရေး ပေါ်ကိစ္စတိုင်းအတွက် တုန့်ပြန်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်စစ်တပ်ဟာ ဧပြီ ၁၃ ရက်မတိုင်မီကတည်းက အစ္စရေးကို ပစ်ခတ်ခဲ့တဲ့ အီရန်ရဲ့ ဒရုန်း နဲ့ဒုံးကျည်တွေကို ကာကွယ်မှုတွေပြုလုပ်ခဲ့တာပါ။
အစ္စရေးနဲ့ မဟာမိတ်တွေဟာ အီရန်က တိုက်ခိုက်ခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကြည် ၃၀၀ ကို ပစ်ချခဲ့ဖူးပါတယ်။
ဟာနီယာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အစ္စရေးက မှတ်ချက်ပေးတာမရှိပေမဲ့ ဝန်ကြီးချုပ် နေတန်ယာဟုက ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေ ခံရနိုင်ကြောင်းနဲ့ အနာဂတ်အတွက် ပြင်ဆင် ထားရမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အစ္စရေးကိုယ်စားလှယ်အဖွဲ့က လာမယ့်ရက်ပိုင်းအတွင်း ကိုင်ရိုကိုသွားပြီး ဂါဇာ အပစ်ရပ်ရေးနဲ့ ဓားစားခံပြန်လွှတ်ရေးတို့အတွက် ဆွေးနွေးမယ်လို့လည်း နေတန်ယာဟုက ပြောဆိုထားပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက စတင်ခဲ့တဲ့ စစ်ပွဲကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဂါဇာမှာ အစ္စရေးရဲ့ လက်တုန့်ပြန်စစ်ဆင်ရေးကြောင့် လူ ၄၀၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဟားမက်စ် ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
Source-Reuters