အမေရိကန်ပြည်ထောင်စုက ဩဂုတ် ၁ ရက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံကိုယ်စားလှယ်လောင်း အက်ဒ်မွန်ဒို ဂွန်ဇာလေ့ဇ်ကို အငြင်းပွားဖွယ် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲ အနိုင်ရသူအဖြစ် အသိအမှတ်ပြုလိုက်ပြီး မာဒူရိုရဲ့ အောင်ပွဲလို့ အခိုင်အမာ ပြောကြားချက်ကို ပယ်ချလိုက်ပါတယ်။
မြင်တွေ့ရရှိထားတဲ့ အထောက်အထားတွေအရ ဗင်နီဇွဲလားနိုင်ငံရဲ့ ဇူလိုင် ၂၈ ရက် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အတိုက်အခံ ကိုယ်စားလှယ်လောင်း အက်ဒ်မွန်ဒို ဂွန်ဇာလေ့ဇ် အူရူတီယာက ဆန္ဒမဲအများဆုံး ရရှိခဲ့တာကို အမေရိကန်နဲ့ အရေးအပါဆုံးဖြစ်တဲ့ ဗင်နီဇွဲလားပြည်သူတွေက ရှင်းရှင်းလင်းလင်း သိရှိထားပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာချက်တခုမှာ ပြောကြားခဲ့ပါတယ်။
“ရွေးကောက်ပွဲ အချက်အလက်တွေက ဗင်နီဇွဲလားပြည်သူတွေရဲ့ဆန္ဒကို လွှမ်းမိုးနေပါတယ်။ ဗင်နီဇွဲလားပြည်သူတွေရဲ့ မဲကို ရေတွက်ရပါမယ်” လို့ ပြောပါတယ်။
သမ္မတရွေးကောက်ပွဲ ရလဒ်တွေအပေါ် အငြင်းပွားမှုတွေကြောင့် ဗင်နီဇွဲလားမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ပွဲကောင်စီဟာ ၂၀၁၃ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ မာဒူရိုကို မဲရလဒ် ၅၁ ရာခိုင်နှုန်းနဲ့အတူ ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲမှာ အနိုင်ရရှိသူအဖြစ် တရားဝင် ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ မဲပေးပွဲမတိုင်ခင် လွတ်လပ်တဲ့ စစ်တမ်းကောက်ယူမှုတွေအရ ဆန္ဒမဲ ၉၀ ရာခိုင်နှုန်းလောက်မှာ ဂွန်ဇာလေ့ဇ်က လက်ရှိသမ္မတရဲ့ ရလဒ်ထက် ၂ ဆကျော် ပိုများနေတာကို ပြနေတယ်လို့ နိုင်ငံရဲ့ အတိုက်အခံတွေက ပြောကြပါတယ်။
အစိုးရဟာ အခုချိန်ထိ ကိုယ်စားလှယ်လောင်း တဦးချင်းစီအတွက် စုစုပေါင်း အမျိုးသားဆန္ဒမဲတွေကို ဘာသတင်းအချက်အလက်မှ မျှဝေခြင်း မရှိသေးပေမဲ့ အတိုက်အခံတွေကတော့ အများပြည်သူ ဝက်ဘ်ဆိုက်မှာ အသေးစိပ် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲ ရလဒ်တွေအပေါ် အငြင်းပွားမှုတွေအကြား ဘရာဇီးနိုင်ငံ၊ မက္ကဆီကိုနဲ့ ကိုလံဘီယာနိုင်ငံတို့ရဲ့ သမ္မတတွေဟာ ကြာသပတေးနေ့မှာ မဲပေးမှုအသေးစိပ်တွေကို ထုတ်ပြန်ပေးဖို့ ဗင်နီဇွဲလားကို တောင်းဆိုခဲ့ကြပါတယ်။
Source-Reuters