ဟားမတ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို အစ္စရေးက လုပ်ကြံမှုကို အမေရိကန်က အတည်ပြုပေးခဲ့တယ်လို့ အီရန် ထောက်လှမ်းရေးဝန်ကြီး အဲ့စ်မေးလ် ခါတစ်ဘ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဩဂုတ် ၃ ရက်မှာ အစီရင်ခံပါတယ်။
အီရန်နိုင်ငံ ယာယီနိုင်ငံခြားရေးဝန်ကြီး အလီ ဘက်ဂေးရီ ခန်းနီက အီရန်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကိုဖောက်ဖျက်တဲ့ ရာဇ၀တ်မှုတွေရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ သက်ရောက်မှုတွေအကြောင်း သောကြာနေ့က သတိပေးခဲ့ပါတယ်။
အစ္စရေးကို ဒဏ်ခတ်ဖို့နဲ့ ကိုယ့်နိုင်ငံကိုကာကွယ်ရေးအတွက် အီရန်အစိုးရဟာ မွေးရာပါနဲ့ တရားဝင် ကိုယ်ပိုင်အခွင့်အရေးကို သုံးမယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။
အီရန်သမ္မတသစ် မာဆွတ် ပေဇေ့ရှ်ခီယံရဲ့ အင်္ဂါနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ဖို့ ဖိတ်ကြားခံထားရတဲ့ ဟာနီယာဟာ တီဟီရန်မြို့တော်က သူ့နေအိမ်ကို လေကြောင်းတိုက်ခိုက်မှု တခုအတွင်း ဗုဒ္ဓဟူးနေ့အစောပိုင်းက သေဆုံးသွားခဲ့တယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် နာကျင်အောင်တုံ့ပြန်မယ်လို့လည်း အီရန် တော်လှန်ရေး အစောင့်တပ်က ကတိပြုခဲ့ပြီး အစ္စရေးကတော့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို မငြင်းသလို အတည်လည်း မပြုခဲ့ပါဘူး။
Source-Reuters