အရှေ့အလယ်ပိုင်းမှာ တင်းမာမှုမြင့်တက်နေချိန်မှာပဲ လက်ဘနွန်နိုင်ငံမှာ ရှိနေကြတဲ့ အမေရိကန်နိုင်ငံသားအားလုံး ရရာလက်မှတ်ဖြတ်ပြီး ထွက်ခွာကြဖို့ ဘေရွတ်မြို့ အမေရိကန်သံရုံးက တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကလည်း အလားတူ သတိပေးချက် ထုတ်ပြန်ထားပြီး အခြေအနေဟာ လျင်လျင်မြန်မြန်ကို ဆုတ်ယုတ်သွားနိုင်တယ်လို့ဆိုသလို ဂျော်ဒန်ကလည်း အလားတူ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
အီရန်နဲ့ သူ့မဟာမိတ်တွေက အစ္စရေးကို တိုက်ခိုက်လာရင်ကူညီဖို့ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ တိုးမြှင့်ချထားတယ်လို့ အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အီရန်ကို ပွဲလာတက်တဲ့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့ လုပ်ကြံခံရတဲ့ ကိစ္စအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်က ကြွေးကြော်ထားပါတယ်။
ဘေရွတ်က ဟစ်ဇ်ဘိုလာတပ်မှူးကို အစ္စရေးကသတ်ဖြတ်နိုင်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဟာနီယာ့ကိုပါ လုပ်ကြံခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အီရန်ရဲ့ လက်တုံ့ပြန်မှုမှာ အစ္စရေးနိုင်ငံနဲ့ အနီးဆုံးနေရာမှာလည်းရှိနေတဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က အဓိကအခန်းကဏ္ဍက ပါဝင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ဝင်စ ၁၂ နာရီ ၂၅ မိနစ်မှာ ဟစ်ဇ်ဘိုလာတွေက အစ္စရေးမြောက်ပိုင်း ဘိတ်ဟီလယ်မြို့ကို ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့ပေမြ့ အစ္စရေး သံကွန်ခြာ လေကြောင်းရန်ကာကွယ်ရေးစနစ်က ဟန့်တားနိုင်ခဲ့ပါတယ်။
Source-Reuters