ဂျာမနီအစိုးရက လက်ဘနွန်နိုင်ငံထဲကနေ ဂျာမန်နိုင်ငံသားတွေ အရေးတကြီး ထွက်ခွာကြဖို့ ဇူလိုင် ၂၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
လုဖ်သမ်ဆာ လေကြောင်းလိုင်းက ပျံသန်းမှုတွေကို ရပ်ဆိုင်းထားပေမဲ့ ဥရောပနဲ့ တူရကီတို့ဆီ စီးပွားဖြစ် လေကြောင်းသွားလာရေးက နဂိုအတိုင်း ရှိနေဆဲပါ။
“အထူးသဖြင့် အီရန်” အပါအဝင် သက်ဆိုင်သူအားလုံး ချုပ်တည်းသည်းခံကြဖို့ ဂျာမန်အဓိပတိ အောလော့ဖ်ှ ရွှိုက်ဇ်ရဲ့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုခဲ့ပါတယ်။
လုဖ်သမ်ဆာနဲ့ လက်အောက်ခံ လက်ခွဲကုမ္ပဏီတွေဖြစ်တဲ့ ဆွစ်နဲ့ ယူရိုဝင်းဂ်စ် လေကြောင်းလိုင်းတွေဟာ လက်ဘနွန်မြို့တော် ဘေရွတ်ဆီ ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေကို ဩဂုတ် ၅ ရက်အပါ အဲဒီနေ့အထိ ဖျက်သိမ်းလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းက လက်ရှိအခြေအနေတွေကြောင့် ခုလို ဆုံးဖြတ်တာလို့ လုဖ်သမ်ဆာရဲ့ ပြောခွင့်ရက ပြောပါတယ်။
ဘေရွတ် ရာဖှစ်ဟာရီရီ နိုင်ငံတကာ လေဆိပ်ဟာ လက်ဘနွန်နိုင်ငံရဲ့ တခုတည်းသော လေဆိပ်ပါ။ ပြည်တွင်းစစ်ကာလမှာသာမက ၂၀၀၆ ခုနှစ်က လက်ဘနွန်-အစ္စရေး စစ်ပွဲအပါအဝင် အစ္စရေးနဲ့ တိုက်ပွဲဟောင်းတွေတုန်းကလဲ ဒီလေဆိပ်ဟာ ပစ်မှတ် ဖြစ်ခဲ့ဖူးပါတယ်။
အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ပေါ်မှာ ရှိတဲ့ မက်ရှ်ဒယ်လ် ရှမ်းစ် တိုက်ခိုက်ခံရအပြီး ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် ၁၂ ဦး သေဆုံးခဲ့တာပါ။
ဟစ်ဇ်ဘိုလာက ဒီတိုက်ခိုက်မှုအတွက် တာဝန်မရှိဘူးလို့ ငြင်းဆိုထားပြီး အစ္စရေးကတော့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။
Source-Reuters