Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံသား ၁၅ ဦးလျှင် ၁ ဦး သန်းကြွယ်သူဌေးဖြစ်  
DVB
·
July 30, 2024
Photo - Reuters

အမေရိကန်နိုင်ငံသား အရေအတွက် ၂၂ သန်းနီးပါး၊ တနည်းအားဖြင့် အမေရိကန် ၁၅ ဦးမှာ တဦးဟာ အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ အထက် ချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်တယ်လို့ UBS  ရဲ့ ၂၀၂၄ ကမ္ဘာ့ကြွယ်ဝမှု အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါဟာ ၂၀၂၂ ကထက် နည်းနည်းကျသွားတာဖြစ်ပေမဲ့ တကမ္ဘာလုံးသန်းကြွယ်သူဌေး အရေအတွက်ရဲ့ ၃၈ ရာခိုင်နှုန်းလောက်ဟာ အမေရိကန်မှာရှိနေတာဖြစ်ပါတယ်။ 

တရုတ်ကတော့ သန်းကြွယ်သူဌေးအရေအတွက် ဒုတိယအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ (အမေရိကန်ဒေါ်လာနဲ့ တွက်ချက်မှုအရ) သန်းကြွယ်သူဌေး ၅၈ သန်း ထက်မနည်းရှိပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တ နည်းအားဖြင့် လူ ၂၀၀ မှာ ၃ ယောက်ဟာ သန်းကြွယ်သူဌေးဖြစ်ပါတယ်။ ၂၀၂၂ တုန်းက သန်းကြွယ်သူဌေး ၅၉ ဒသမ ၄ သန်းတောင်ရှိခဲ့ပြီး ၂၀၂၃ မှာ ပြန်ကျသွားတာ ဖြစ်ပါတယ်။

လူဦးရေနဲ့ သန်းကြွယ်သူဌေးအရေအတွက် အချိုးချရင်တော့  ဆွစ်ဇာလန်က အများဆုံးဖြစ်ပြီး၊ ဟောင်ကောင်ဒေသ (တရုတ်) က ဒုတိယ၊ ဩစတြေးလျက တတိယ ဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ လူ ၁၀၀ မှာ ၁၂ ယောက်က သန်းကြွယ်သူဌေးဖြစ်ပြီး အမေရိကန်ထက် နှစ်ဆ ပိုများပါတယ်။

သန်းကြွယ်သူဌေးဦးရေ တိုးတက်မှုရာခိုင်နှုန်းအများဆုံးက ကာတာဖြစ်ပြီး သူ့နောက်မှာ တရုတ်၊ ကာဇက်စတန်၊ အိန္ဒိယ၊ ရုရှား တို့ရှိနေပါတယ်။

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၃ အတွင်း ကာတာနိုင်ငံမှာ သန်းကြွယ်သူဌေး ဦးရေ အများဆုံးတိုးလာခဲ့ပြီး ၄၆ ဦးကနေ ၂၆,၁၆၃ ဦးအထိ ဖြစ်လာပါတယ်။ တရုတ်မှာတော့ ၂၀၀၀ ပြည့်နှစ်က သန်းကြွယ်သူဌေး  ၃၉,၀၀၀ ပဲရှိခဲ့ရာကနေ အခုအခါ ၆ သန်းကျော် ရှိလာပါတယ်။

ကမ္ဘာပေါ်က သန်းကြွယ်သူဌေးတွေ ဘယ်နိုင်ငံတွေမှာ နေကြသလဲ

အမေရိကန် - ၂၂ သန်း

တရုတ် - ၆ သန်း

ယူကေ - ၃.၁ သန်း

ပြင်သစ် - ၂.၉ သန်း

ဂျပန် - ၂.၈ သန်း

ဂျာမနီ - ၂.၈ သန်း

ကနေဒါ - ၂ သန်း

ဩစတြေးလျ - ၁.၉ သန်း

အီတလီ - ၁.၃ သန်း

တောင်ကိုရီးယား ၁.၃ သန်း

သန်းကြွယ်သူဌေး ဦးရေ အတိုးတက်ဆုံးနိုင်ငံများ

ကာတာ ၅၆,၇၇၆ %

တရုတ် ၁၅,၃၁၉ %

ကာဇက်စတန် ၄,၇၂၆ %

အိန္ဒိယ ၂,၂၄၈  %

ရုရှား ၂,၁၄၅ %

ဩစတြေးလျ ၁,၆၁၃ %

တောင်ကိုရီးယား ၁,၃၄၅ %

အင်ဒိုနီးရှား ၁,၂၀၀ %

ဘရာဇီး ၁,၀၅၃ %

ဟန်ဂေရီ ၉၇၄ %

သန်းကြွယ်သူဌေးနဲ့ လူဦးရေအချိုး

ဆွစ်ဇာလန်   ၁၂  %

ဟောင်ကောင်(တရုတ်) ၈%

ဩစတြေးလျ ၇%

နယ်သာလန် ၇%

အမေရိကန် ၆%

စင်ကာပူ ၆%

ဆွီဒင် ၆%

ကနေဒါ ၅%

ဘယ်လ်ဂျီယမ် ၅%

နော်ဝေ ၅%

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013