Home
နိုင်ငံတကာ
ယူကရိန်းတွင် လေကြောင်းရန်ကာကွယ်ရေး အမျိုးသမီးတပ်ဖွဲ့စည်း
DVB
·
August 4, 2024
Photo - Reuters

ယူကရိန်းနိုင်ငံ၊ ဘူချာမြို့ လေပိုင်နက်ကို ကာကွယ်ဖို့အတွက် စေတနာ့ဝန်ထမ်း အမျိုးသမီးသီးသန့် ရွေ့လျားလေကြောင်းရန်ကာကွယ်ရေးတပ်က တာဝန်ယူနေပါတယ်။

ယူကရိန်း ဧည့်လမ်းညွှန်ဟောင်း တေရှီအန်နာဟာ ဘူချာမြို့ လူ့အဖွဲ့အစည်းရဲ့ ယူကရိန်း စေတနာ့ဝန်ထမ်း စစ်တပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အမျိုးသမီးသီးသန့် လေကြောင်းရန် ကာကွယ်ရေးတပ်ကို ပူးပေါင်းဖို့ စိတ်အား ထက်သန်နေခဲ့ပါတယ်။ 

“ခင်ပွန်းနဲ့ မတ် အသတ်ခံရတယ်။ ပိုင်ဆိုင်မှုတွေ ပျက်စီးကုန်ပြီ။ အမေ နေမကောင်း ဖြစ်ပြီး မခံနိုင်တော့ဘဲ သေသွားခဲ့တယ်” လို့ စစ်ရေးလေ့ကျင့်နေတဲ့ တေရှီအန်နာက ပြောပါတယ်။

သူဟာ အမျိုးသားစစ်သည်တွေကို အစားထိုးဖို့ ယူကရိန်းတပ်မတော်မှာ တာဝန်ထမ်းဖို့ ရေးဆွဲထားတဲ့ ဘူချာနယ်မြေ အသိုက်အဝန်း ဖွဲ့စည်းရေး စေတနာ့ဝန်ထမ်းစစ်တပ် ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ဒါဇင်ပေါင်းများစွာသော အမျိုးသမီး စေတနာ့ဝန်ထမ်းတွေထဲက တဦး ဖြစ်ပါတယ်။

အဲဒီတပ်ကို ပူးပေါင်းခဲ့တဲ့ ကလေးနှစ်ယောက်အမေနဲ့ ဆရာမဟောင်း အိုလေနာကလည်း “ကျမ ကလေးတွေရဲ့ ခေါင်းပေါ်ကို ဘာမှ မကျစေချင်ဘူး။ ဒီဖြစ်စဉ်ကို ကျမထိန်းချုပ်ရမယ်” ​​လို့ သူက ချေမှုန်းရေးရိုင်ဖယ်ကို ဆုပ်ကိုင်ရင်း ပြောလိုက်ပါတယ်။

ဘူချာ နယ်မြေအသိုက်အဝန်းရဲ့ စစ်ရေးစေတနာ့ဝန်ထမ်းဖွဲ့စည်းတာဟာ စစ်မှုမထမ်းမနေရ စနစ်ကြောင့် မဟုတ်ဘဲ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ပံ့ပိုးကူညီမှုကြောင့် ဖြစ်လာတာပါ။ 

သူတို့ရဲ့ အဓိကတာဝန်က ရဲတပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေးတို့ကို ပံ့ပိုးကူညီဖို့ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ဘူချာမြို့ဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားတပ်တွေ သိမ်းပိုက်တာခံရပြီး တလကြာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပါတယ်။

ဘူချာမြို့ဟာ မြို့တော်ကိယက်ဗ်ရဲ့ အနောက်မြောက်ဘက် ၂၃ မိုင်အကွာမှာ တည်ရှိပြီး ၂၀၂၂ ခုနှစ် မတ်လမှာ ရုရှားစစ်တပ်က ဆုတ်ခွာပြီးတဲ့နောက် ဘူချာမြို့ရဲ့ လမ်းတွေပေါ်မှာ ဒါဇင်ပေါင်းများစွာသော ရုပ်အလောင်းတွေကို တွေ့ခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013