ယူကရိန်းနိုင်ငံတောင်ပိုင်း မိုက်ကိုလေ့ဗ်မြို့ရှိ လူနေရပ်ကွက် တခုကို ဇူလိုင် ၁၉ ရက်က ရုရှား ဒုံးကျည်တစင်း ထိမှန်ခဲ့တာကြောင့် ကလေး ၁ ဦးနဲ့ လူကြီး ၂ ဦး သေဆုံးပြီး တခြားသူတွေ ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့တော်ဝန် အိုလက်ခ်ဆန်ဒါ ဆီယန်ကဲဗစ်ချ်က တယ်လီဂရမ်ချန်နယ်မှာ ပြောပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ရုပ်သံဗီဒီယိုမှာတော့ လူနေအဆောက်အအုံခြံဝင်းအတွင်း ပြတင်းပေါက်တွေ လွင့်ထွက်နေပြီး အပူထိန်း သာမယ်လ်စောင်အောက်မှာ လူသေအလောင်းနဲ့ သွေးတွေကိုလည်း တွေ့ရပါတယ်။
မိုက်ကိုလေ့ဗ် ဆိပ်ကမ်းမြို့နဲ့ အနီးတဝိုက်ဒေသဟာ ရုရှားတို့ရဲ့ တိုက်ခိုက်မှုကို ပုံမှန်ကြုံရလေ့ ရှိပါတယ်။
နောက်ထပ် ဒုံးကျည်တစင်းက ဒေသတွင်း တခြားနေရာကို ကျရောက်ခဲ့ပြီး အဲဒီနေရာက အခြေအနေဟာလည်း အနည်းနဲ့အများ ထိခိုက်ဆုံးရှုံးနိုင်တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဗစ်တာလီ ကင်မ်က တယ်လီဂရမ်မှာ ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွင်း လူထောင်ပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရရှိခဲ့ ကြပေမဲ့ မော်စကိုဟာ အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တယ်ဆိုခြင်းကို ငြင်းဆန်ထားပါတယ်။
Source: Reuters