မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ပြုံယမ်းမှာ ရုရှား ကာကွယ်ရေးဒုဝန်ကြီး အလက်ခ်ဆီ ကရီဗိုရုချ်ကိုနဲ့ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ကာကွယ်ဖို့အတွက် ၂ နိုင်ငံစစ်တပ်တွေ ပိုမိုစည်းလုံးညီညွတ်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ KCNA သတင်းဌာနက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
ကင်မ်ဂျုံအန်းနဲ့ ကရီဗိုရုချ်ကို တို့ဟာ အပြန်အလှန် လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ၂ နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းကို မျှဝေခဲ့တယ်လို့ KCNA က ပြောပါတယ်။
ကရီဗိုရုချ်ကိုဟာ ဇူလိုင် ၁၈ ရက် တွေ့ဆုံချိန်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ခေါင်းဆောင် ကင်မ်ကို နှုတ်ဆက်စကား ပါးလိုက်ကြောင်း ပြောကြားခဲ့ပြီး ကင်မ်ကလည်း အလေးအနက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သတင်းမှာတော့ ကရီဗိုရုချ်ကိုရဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ တခြား အသေးစိတ် အချက်အလက်တွေနဲ့ မြောက်ကိုရီးယားနိုင်ငံကို လာရောက်ခြင်းရဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ မနှစ်က ရုရှားအရှေ့ဖျားမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးကတည်းက စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်လုပ်ဆောင်ခဲ့ကြပြီး ဇွန်လမှာ သမ္မတ ပူတင် ပြုံယမ်းကို လာရောက်ခဲ့ချိန်က အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက် ပါဝင်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
Source-Reuters