ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ယူကရိန်းဒရုန်း ၁၆၃ စင်းကို ပစ်ချခဲ့ပြီး ယူကရိန်းကလည်း ရုရှားရဲ့ တိုက်ခိုက်မှုအများအပြားကို တွန်းလှန်ခဲ့တယ်လို့ ၂ နိုင်ငံက အပြန်အလှန် ထုတ်ပြန်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ကိုယ်ပိုင်တွန်းကန်အားစနစ် တပ်ဆင်ထားတဲ့ အမြောက်တွေကို ဖျက်ဆီးခဲ့ပစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ရုရှားလေကြောင်းကာကွယ်ရေးဟာ ယူကရိန်းဒရုန်း ၁၆၃ စင်း၊ အမေရိကန်လုပ် နည်းဗျူဟာမြောက် ဒုံးကျည် ၃ စင်းနဲ့ ဒုံးပျံ ၆ စင်းတို့ကိုလည်း ပစ်ချခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ရှေ့တန်းနယ်မြေတွေမှာ အဲဒီနေ့မှာပဲ တိုက်ပွဲပေါင်း ၉၃ ခု ဖြစ်ပွားခဲ့ကြောင်း သတင်းပို့ခဲ့ပါတယ်။
ခါကိဗ်ကို ဦးတည်လမ်းကြောင်းမှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားဆီမှ တိုက်ခိုက်မှု ၆ ကြိမ်စလုံးကို ချေမှုန်းခဲ့ကြောင်းလည်း ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ကရာမာတော့စ်ခ်ကို ဦးတည်လမ်းကြောင်းမှာ သူတို့ရဲ့ထိုးစစ်ကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့တဲ့နေ့ကတည်းက တိုက်ခိုက်မှု ၂၂ ကြိမ် ရှိကြောင်း၊ ယူကရိန်းတပ်ဖွဲ့တွေဟာ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားနေချိန်မှာ တိုက်ပွဲ ၉ ခုကို ချေမှုန်းခဲ့တယ် လို့လည်း ဆိုပါတယ်။
ပေါ့ခ်ရော့ဗ်စခ် လမ်းကြောင်းမှာတော့ ယူကရိန်း တပ်ဖွဲ့ဝင်တွေဟာ ရုရှားရဲ့ တိုက်ခိုက်မှု ၁၇ ကြိမ်ကို ချေမှုန်းခဲ့ကြောင်း သိရပါတယ်။
Source: Reuters