Home
နိုင်ငံတကာ
ရုရှားက Radio Free Europe သတင်းထောက်ကို သူလျှိုမှုဖြင့် ထောင် ၆ နှစ်ခွဲ ချမှတ်
DVB
·
July 23, 2024
Photo - REUTERS/Alexey Nasyrov/File Photo

ရုရှား-အမေရိကန် နိုင်ငံသား ၂ မျိုး ခံယူထားသူ Radio Free Europe/Radio Liberty (RFE/RL) သတင်းဌာနရဲ့ သတင်းထောက် အာဆူကူမာရှေဗာကို ရုရှားစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၆ နှစ်ခွဲ စီရင်ချက်ချခဲ့တယ်လို့ တရားရုံးက ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကူမာရှေဗာကို စီရင်ချက်ချတဲ့ သောကြာနေ့မှာပဲ ရုရှားနိုင်ငံ ယေကာတီရင်ဘို့ တရားရုံးက ဝေါစထရိဂျာနယ် သတင်းထောက် အီဗန် ဂါ့ရှ်ကိုဗစ်ချ်ကို သူလျှိုလုပ်မှုနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့တယ်လို့ ကာဇန်တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရားရုံးဆုံးဖြတ်ချက်ကို သူ့သတင်းဌာနနဲ့ အမေရိကန်အစိုးရတို့က အတုအယောင် စွဲချက်အဖြစ် ရှုတ်ချခဲ့ပါတယ်။

Radio Free Europe ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအို စတီဖင် ကားပက်စ်က သူ့သတင်းထောက်ကို ပြစ်ဒဏ်ချမှတ်မှုဟာ “တရားမျှတမှုကို လှောင်ပြောင်မှု” ပဲလို့ တနင်္လာနေ့မှာ အေပီ သတင်းဌာနကို ပြောပါတယ်။

သားအမိနှစ်ယောက်ရှိတဲ့ ကူမာရှေဗာဟာ ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့အခြေစိုက် သတင်းထောက်တဦးဖြစ်ပြီး ဇာတိ ရုရှားနိုင်ငံ တာတာစတန်ဒေသမှာ အောက်တိုဘာ ၁၈ ရက်ကတည်းက ထိန်းသိမ်းခံထားရတာပါ။

သူ့အမေဆီ သွားလည်ပတ်အပြီး ရုရှားနိုင်ငံကနေ ထွက်ဖို့ ကြိုးစားရင်း ဇွန်လအစောပိုင်းမှာ အကျဉ်းချခံခဲ့ရပါတယ်။

တရားရုံးတရုံးက သူဟာ အမေရိကန်နိုင်ငံကူးလက်မှတ်ရှိကြောင်း ထုတ်ပြောဖို့ ပျက်ကွက်ခဲ့ပြီး ရုရှားဥပဒေအရ မဖြစ်မနေ ဒဏ်ငွေချမှတ်ခဲ့တာပါ။

အဲဒီနောက် “နိုင်ငံခြားသူလျှို” အဖြစ် မှတ်ပုံတင်ဖို့ ပျက်ကွက်မှုနဲ့ တရားစွဲခဲ့ပြီး ကူမာရှေဗာက သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013