Home
အားကစား
မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ကြားဖြတ်ခေါ်ယူရန် PSG ကြိုးပမ်း
DVB
·
August 4, 2024
Photo - Reuters/Ed Sykes

PSG အသင်းဟာ မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

ဒီလိုအခြေအနေမှာ PSF အသင်းဘက်က အယ်လ်ဗာရက်ဇ်အတွက် မန်စီးတီးအသင်းဆီ တရားဝင်ကမ်းလှမ်းခဲ့ပြီး  အက်သလက်တီကိုထက် ပြောင်းရွှေ့ကြေးပိုပေးခဲ့တယ်လို့ သိရပါတယ်။

တီကို အသင်းဟာ အယ်လ်ဗာရက်ဇ်အတွက် ယူရိုသန်း ၆၀ နဲ့ခေါ်ယူဖို့ အသင့်ရှိနေပြီး ကစားသမားဖြစ်သူ ဟာလဲ မက်ဒရစ်အသင်းကိုပဲ ရွေးချယ်ဖွယ်ရှိပါတယ်။

အယ်လ်ဗာရက်ဇ်ကတော့ အိုလံပစ်ပြိုင်ပွဲအပြီးမှာ ခဏအနားယူရမှာဖြစ်ပြီး အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013