Home
နိုင်ငံတကာ
အမေရိကန်က ဖိလစ်ပိုင်ကို ကာကွယ်ရေးရန်ပုံငွေ ဒေါ်လာသန်း ၅၀၀ ထောက်ပံ့မည်
DVB
·
July 31, 2024
Photo - REUTERS/Lisa Marie David

အမေရိကန်အစိုးရက ဖိလစ်ပိုင်အတွက် စစ်တပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင် ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။

တရုတ်နဲ့ ပင်လယ်ရေကြောင်းကိစ္စ ဆက်ဆံရေး တင်းမာနေချိန်မှာ အမေရိကန်အစိုးရက ဖိလစ်ပိုင်အစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေတဲ့ သီတင်းပတ်တွေအတွင်း ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဖိလစ်ပိုင်ဟာ တရုတ်နဲ့ ပင်လယ်ရေကြောင်းကိစ္စမှာ ထပ်ခါတလဲ စကားနိုင်လုနေခဲ့တာပါ။

တရုတ်ဟာ အင်ဒိုပစိဖိတ်ဒေသအတွင်း အမေရိကန်ရဲ့ အဓိကပြိုင်ဘက်လည်း ဖြစ်ပါတယ်။

အရင်အပတ်ကတော့ မတူခြားနားချက်တွေကို စီမံခန့်ခွဲဖို့နဲ့ တင်းမာမှုပြေလျော့စေဖို့ ယာယီအစီအစဉ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင်ကြား သဘောတူခဲ့ကြပါတယ်။

ဖိလစ်ပိုင်ဟာ သူ့နိုင်ငံ အနောက်ပိုင်းမှာ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်တွေကို ပိုင်တယ်လို့ တရုတ်နဲ့ အပြိုင်အဆိုင် အခိုင်အမာ ကြေညာနေတာပါ။

တရုတ်ကတော့ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်တယ်လို့ ပြောရင်း ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နဲ့ ပိုင်နက် အငြင်းပွားနေပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား ပုံမှန် ချိန်သားကိုက် လှုပ်ရှားမှုတွေက တရုတ်နဲ့ ဖိလစ်ပိုင်ကြား ပိုင်နက်အငြင်းပွားမှုကို သွက်သွက်လက်လက် တုံ့ပြန်တာ သေချာဖို့လိုတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က အမေရိကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013