အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စတင်တို့ဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အန်ရိကေမာနာလိုနဲ့ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီအိုဒိုရိုတို့နဲ့ မနီလာမြို့တော်က စစ်ဌာနချုပ်မှာ ဇူလိုင် ၃၀ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဒီအစည်းအဝေးတွေကို ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပခဲ့တာပါ။
တောင်တရုတ်ပင်လယ်ထဲက သယံဇာတပေါကြွယ်တဲ့ ကျွန်းစုတွေ ရေပိုင်နက်တွေနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် အခိုင်အမာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရေကြောင်းဆိုင်ရာ ဆက်ဆံရေး တင်းမာနေချိန်မှာ ခုလို အစည်းအဝေး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်ပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူ့အချုပ်အခြာပိုင် နယ်မြေအဖြစ် အခိုင်အမာ ကြေညာထားပါတယ်။
အင်္ဂါနေ့အစောပိုင်းက ဘလင်ကန်နဲ့ အော်စတင်တို့ဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ တွေ့ဆုံခဲ့ပြီး တောင်တရုတ်ပင်လယ်ထဲက နိုင်ငံတကာဥပဒေတွေကို လိုက်နာရေး မျှဝေထားတဲ့ ကတိကဝတ်တွေကို အပြန်အလှန်ပြောဆိုခဲ့ကြပါတယ်။
စစ်ဌာနချုပ်အပြင်ဘက်မှာ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူ နှစ်ဒါဇင် လောက်က အမေရိကန်အလံကို ပြောင်လှောင်ပြီး မီးရှို့ခဲ့ကြပြီး ဒေသတွင်း တင်းမာမှုတွေ တိုးလာစေတဲ့ လုပ်ရပ်အဖြစ် အစည်းအဝေးတွေကို ရှုတ်ချခဲ့ကြပါတယ်။
Source-Reuters