Home
မြန်မာသတင်း
ရွှေပြည်သာတွင် အကြော်စက်ရုံ မီးလောင်
DVB
·
July 30, 2024
Photo Crd-ရွှေပြည်သာမီးသတ်
Photo Crd-ရွှေပြည်သာမီးသတ်

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းက မွမွလေးအကြော်စက်ရုံမှာ ဇူလိုင် ၃၀ ရက် မနက် ၇ နာရီလောက်က မီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မြန်မာမီးသတ်ဌာချုပ်က ထုတ်ပြန်ပါတယ်။

မီးလောင်မှုဟာ စက်ရုံအကြော်ခန်းကနေ စတင်တာဖြစ်ပြီး မီးဖို၊ ကုန်ကြမ်းတင်စင်တွေ၊ ဘေးအမိုးနံရံတွေ ကူးစက်လောင်ကျွမ်းခဲ့ကာ အခန်းတခုလုံး ပျက်စီးသွားပါတယ်။

မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ ဝါးတရာဘက်က မွမွလေး အကြော်စုံဝင်းထဲမှာ လောင်တာ။ ပဲကြော် ကြော်ရင်းနဲ့ မီးဟပ်ပြီး အပေါ်တွေပါ ကူးကုန်တာ။ လူတွေက ကြီးကြီးမားမားတော့ မဖြစ်သွားဘူး။ ဆီလောင်တာလောက်ပဲ”လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်တို့က မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီးတို့နဲ့ လာရောက်ငြှိမ်းခဲ့တာကြောင့် မနက် ၇ နာရီခွဲမှာ မီးထိန်းနိုင်ခဲ့ကာ ၇ နာရီခွဲကျော်မှာ  မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပြီး  လူထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

ဇူလိုင် ၁၀ ရက်ကလည်း သာကေတမြို့နယ်မှာ ၂ ထပ်လူနေအိမ် မီးလောင်ရာက အသက် ၈ နှစ် အရွယ် မိန်းကလေး တဦး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013