Home
နိုင်ငံတကာ
ရုရှားရေတပ် တည်ထောင်ခြင်း ၃၂၈ နှစ်ပြည့် အခမ်းအနားကို တရုတ်ဖျက်သင်္ဘော တက်ရောက်
DVB
·
July 30, 2024
Photo - Reuters

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ရေတပ်က Type 052D ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘော ကျောင်းကျိုးဟာ စိန့်ပီတာစဘတ်ဆိပ်ကမ်းမှာ ကျင်းပတဲ့ ရုရှားရေတပ် တည်ထောင်ခြင်း ၃၂၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တနင်္ဂနွေနေ့က တက်ရောက်ခဲ့ပါတယ်။

ရေတပ်ချီတက်ပွဲအတွက် တနင်္ဂနွေနေ့ မနက် ၁၁ နာရီမှာ နေဗာမြစ်ပေါ်က တံတားတွေကို ဖွင့်လှစ်ခဲ့ပါတယ်။ ရုရှားရေတပ်နေ့ အထိမ်းအမှတ်အဖြစ် ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ အယ်လ်ဂျီးရီးယား ရေတပ်တွေက သင်္ဘောတွေ တက်ရောက် ချီတက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က အခမ်းအနားကို ကြီးကြပ်ခဲ့ပါတယ်။ 

တရုတ်ဖျက်သင်္ဘော ကျောင်းကျိုးဟာ စစ်ရေးပြအခမ်းအနားမှာ ပါဝင်တဲ့ သင်္ဘောတွေကြားမှာ တန်ချိန်အကြီးဆုံး သင်္ဘော ဖြစ်လို့ အများကြီး အာရုံစိုက်ခံခဲ့ရပါတယ်။ 

ဒေသခံတဦးက“ချီတက်ပွဲမစခင်မှာ တရုတ်ဖျက်သင်္ဘောပေါ်က လက်နက်တွေကို အထူးအာရုံစိုက်ခဲ့ကြပါတယ်။ ကျောင်းကျိုး ဖျက်သင်္ဘောဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစစ် ပွဲအတွက် ခေတ်မီလက်နက် အမျိုးအစား အများကြီး တပ်ဆင်ထားတဲ့ သင်္ဘောတစ်စင်းဖြစ်ပြီး လေယာဉ်ပစ်ဒုံးကျည်တွေ၊ ရေငုပ် သင်္ဘောဖျက် တော်ပီဒိုနဲ့ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ စက်တွေ၊ သေနတ်တွေနဲ့ အမြောက်လက်နက်တွေ တပ်ဆင်ထားတယ်”လို့ ပြောပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ ရုရှားနိုင်ငံရဲ့ ရေတပ်နေ့ကို ကျင်းပပါတယ်။ အခုနှစ်မှာ၊ ရုရှားမြောက်ပိုင်းရေတပ် အခြေစိုက်စခန်းဖြစ်တဲ့ ဆေဗေရိုမော့စ်ခ်မှာ ရေတပ်နေ့အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။

ကျောင်းကျိုး ဖျက်သင်္ဘောဟာ စိန့်ပီတာစဘတ်မြို့မှာ ဇူလိုင် ၂၂ ရက်က ရေတပ်နေ့ စစ်ရေးပြ အခမ်းအနားကို မဆင်နွှဲမီ ကုန်းပတ်ဧည့်ခံပွဲ၊ ရုရှားမီဒီယာတွေနဲ့ အများပြည်သူတွေအတွက် ဖွင့်ပွဲတို့ကို ကျင်းပခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013