ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့ နျူကလီးယား ပိုင်ဆိုင်မှုဆိုင်ရာ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်ချက်ဟာ ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ်က ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းအစည်းအဝေးမှာ လာ့ဗ်ရော့ဗ် က ဒီအစီအစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မပြောပေမယ့် ရုရှားအတွက် စိုးရိမ်မိတယ်လို့တော့ ပြောပါတယ်။
နောက်ထပ်စိုးရိမ်စရာအချက်ကတော့ အမေရိကန်ပြည်ထောင်စုဟာ မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံနဲ့ ပူးတွဲနျူကလီးယားစီမံကိန်းရေးဆွဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။
“ဒါက ဘာကို ဆိုလိုသလဲ ဆိုတာကို အခုအချိန်အထိ ရှင်းပြလို့မရသေးပေမယ့် ဒါဟာ ထပ်လောင်းစိုးရိမ်ပူပန်မှုကို ဖြစ်စေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး” လို့လည်း သူက ဆက်ပြောပါတယ်။
အမေရိကန်ရဲ့ လမ်းညွှန်ချက်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဆိုထားပါတယ်။
Source-Reuters