Home
မြန်မာသတင်း
မြန်အောင်တွင် လူငယ် ၄ ဦးကို PDF နှင့်ဆက်သွယ်သည်ဟု စွပ်စွဲဖမ်းဆီး
DVB
·
July 28, 2024

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဒေသခံ ၄ ယောက်ကို PDF တွေနဲ့ အဆက်အသွယ်လုပ်နေတယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်အောင်မြို့နယ်၊ အင်ပင်မြို့အနောက်ဘက်မှာရှိတဲ့ ရခိုင်ရိုးမအစပ်က ဒေသခံ လူငယ်အမျိုးသား ၄ ယောက်ကို ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မြန်အောင်မြို့နယ်က ဒေသခံတယောက်က “အားလုံး အဖမ်းခံရတာ ၄ ယောက် အဖမ်းခံထားရတာတဲ့။ စစ်ကောင်စီ အကောင်တွေက အစစ်အဆေးတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်။ မြန်အောင်မြို့နယ်က အင်ပင်မြို့အနီး ရခိုင်ရိုးမနဲ့အစပ်မှာ စစ်ဆေးနေတာ။ အခု အဖမ်းခံရတဲ့ အင်ပင်က လူငယ်တွေပါ” လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်မှာ ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံရပြီးနောက် အင်ပင်မြို့အနီး ရခိုင်ရိုးမအစပ်မှာ စစ်သား အင်အားအများအပြားနဲ့ ပိုက်စိပ်တိုက်စစ်ကြောင်းထိုး စစ်ဆေးနေတဲ့အပြင် မြို့ပေါ်မှာလည်း လုံခြုံရေး ပိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရသူတွေကို လက်ရှိ မြန်အောင်မှာရှိတဲ့ ခလရ ၅၁ တပ်ရင်းမှာ ဖမ်းဆီးစစ်ဆေးနေတာတဲ့။ ၄ ယောက်က လက်နက်တွေနဲ့အတူ မိတာတဲ့၊ ပြောတာပဲ။ အဖမ်းခံရတာ ဟုတ်ပါတယ်။ တိတိကျကျတော့ မသိသေးဘူး။ စစ်ဆေးပြီး ဖမ်းတာတဲ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတတိယအပတ်ကလည်း မြန်အောင်မြို့နယ်၊ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ တော်လှန်ရေးတပ် PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ဒေသခံ ၉ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013