Home
မြန်မာသတင်း
ဘီးလင်းတွင် မိုးသည်းထန်ပြီး ကုက္ကိုလ်ပင်လဲကျသဖြင့် နေအိမ် ၃ လုံးပျက်စီး
DVB
·
July 28, 2024
BeeLinTreeFallWindy_28072024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဇူလိုင် ၂၇ ရက် မနက် ၉ နာရီက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကုက္ကိုလ်ပင် လဲကျပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ကူညီပေးတဲ့သူတွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ ပြည်သာယာလမ်း ဗိုလ်တဲဝင်းရှိ လုံးပတ် ၁၀ ပေ၊ အရှည်ပေ ၂၀ ရှိတဲ့ ကုက္ကိုလ်ပင်တပင် လဲကျခဲ့ပါတယ်။

သစ်ပင်လဲကျမှုကြောင့် လမ်းတဘက်ရှိ သုံးပင်နှစ်ခန်းတွဲနေအိမ် ၂ လုံး၊ သုံးပင်လေးခန်းတွဲ နေအိမ်တလုံး နဲ့ အုတ်တံတိုင်း ၄ ပေခန့် ပျက်စီးခဲ့ပါတယ်။

ကူညီပေးခဲ့တဲ့သူ‌တဦးက “မိုးအရမ်းရွာလို့ မြေနူးပြီး ပင်စည်အမြစ်ကနေ ကျွတ်ထွက်ပြီး သစ်ပင် ပြိုလဲသွားခဲ့တာပါ။ သစ်ပင်အကိုင်းတွေက လမ်းတဘက်ရှိ နေအိမ်တွေကို ကျသွားပြီး အိမ်ထိခိုက်သွားတာ၊ လူထိခိုက်မှုတွေတော့ မရှိပါဘူး။ မိုးကမရပ်သေးသလို ရေက ထင်သလောက် မကျသေးတော့ ကယ်ဆယ်မှုတွေ လုပ်နေရတုန်းပါပဲ” လို့ ပြောပါတယ်။

ကုက္ကုလ်ပင်လဲကြမှုကြောင့် နေအိမ် ၃ လုံးနဲ့ ခြံစည်းရိုးအုတ်တံတိုင်းတို့ ပျက်စီးမှုအတွက် တသိန်းကျော် ရှိတယ်လို့  မီးသတ်တပ်ဖွဲ့‌ဝင်တွေက ပြောပါတယ်။

ဘီးလင်းမြို့မှာ ဇူလိုင် ၂၄ ရက်ကပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ပြီး ဘီးလင်းမြို့ပေါရပ်ကွက် ၅ ရပ်ကွက်ရှိ အိမ်ခြေ ၃၀၀ ကျော်မှ လူ ၁၀၀၀ ရေလေးဒုက္ခခံစားခဲ့ရသလို ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ရေကျော်နေတဲ့အတွက် ကားကြီး၊ကားသေးများ အလှည့်ကျဖြတ်သန်းနေရပါတယ်။

ရေဘေးဒုက္ခသည် ‌၁၀၀၀ ကျော်ဟာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားခန်းမတွေမှာ နေထိုင်ရပြီး အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ပရဟိသမားတဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013