Home
မြန်မာသတင်း
သံဖြူဇရပ်မြို့နယ်၌ လေပြင်းတိုက်ခတ်သဖြင့် အိမ်ခြေ ၁၅၀ ခန့်ပျက်စီးပြီး လူ ၃ ဦးဒဏ်ရာရ
DVB
·
July 28, 2024
ThanPhyuZaRatWindy2_28072024
ThanPhyuZaRatWindy3_28072024
ThanPhyuZaRatWindy4_28072024
ThanPhyuZaRatWindy5_28072024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ လေပြင်းတိုက်ခတ်‌တာကြောင့် နေအိမ် ၁၅၀ လောက်ပျက်စီးပြီး လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံဖြူဇရပ်မြို့၊ အနင်းကျေးရွာမှာ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲကျော်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်တာကြောင့် နေအိမ်အလုံး ၁၅၀ လောက် ပျက်စီးခဲ့ပြီး ‌ဓာတ်တိုင်၊ သစ်ပင်တွေ လဲကျခဲ့သလို လူ ၃ ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အနန်းရွာခံတဦးက “မိုးတွေရွာပြီး လေပြင်းက အကုန်ဝင်မွှေသွားတာ။ အိမ် ၁၀ လုံးက လုံးဝပျက်စီးသွားတယ်။ အိမ်အလုံး ၁၃၀ ကျော် ၁၄၀ လောက်က အမိုးတွေကွာတာ‌တို့ တခြား ထိခိုက်ပျက်စီးမှုတွေ ရှိတယ်။ လေပြင်းရော လေဆင်နှာမောင်းရော တိုက်တာ။ သစ်ပင်တွေရော ဓာတ်တိုင်တွေပါ လဲကျသွားတယ်။ သစ်ကိုင်းတွေနဲ့ ထိမိပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

လေ‌ပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့သူ ၃ ဦးကို ဒေသခံ လူမှုကူညီရေးအဖွဲ့အစည်းတခုက သံဖြူဇရပ်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ဇူလိုင်  ၂၀ ရက်ကစပြီး နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မြစ်ရေတွေတက်ပြီး ပြည်နယ်တခုလုံးနီးပါး ရေကြီးရေလျှံနေသလို မြေပြိုတာတွေ၊ နေအိမ် ထိခိုက်ပျက်စီးဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013