Home
နိုင်ငံတကာ
တရုတ်နိုင်ငံ၌ တံတားကျိုးကျပြီး လူ ၁၁ ဦး သေဆုံး၊ ၃၀ ကျော် ပျောက်ဆုံး
DVB
·
July 21, 2024
Photo - Reuters

တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားတစင်း ကျိုးခဲ့ပြီး လူ ၁၁ ဦး သေဆုံးကာ လူ ၃၀ ကျော် ပျောက်ဆုံးနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးမှုတွေကြောင့် သောကြာနေ့ ၈ နာရီ ၄၀ မိနစ်မှာ ရှန်ဇီနယ်မြေမှာရှိတဲ့ မြစ်ကို ဖြတ်ထားတဲ့ တံတားတစင်း ပြိုကျခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ 

“အဝေးပြေးတံတား မြစ်ထဲကို ကျိုးကျခဲ့ပြီးနောက် ကား အစီး ၂၀ နီးပါးနဲ့ လူ ၃၀ ကျော် ပျောက်ဆုံးနေတယ်”လို့ CCTV ကလည်း ကြေညာထားပါတယ်။

လောလောဆယ်တော့ ကား ၅ စီးမှာ ပါတဲ့ လူ ၁၁ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး CCTV က ထုတ်ပြန်တဲ့ ပုံအရ မြစ်ကိုဖြတ်ထားတဲ့ တံတားအစိတ်ပိုင်းတခု မြစ်အတွင်းကို ထိုးကျနေတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်ပွားနေပြီး ထူးခြားတဲ့ ပျက်စီးမှုတွေလည်း ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေက ဒေသခံမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ ရှန်ဆီရှိဘာအိုဂျီမြို့မှာ ရေလွှမ်းမိုးမှုနဲ့ ရွှံ့မြေတွေ ပြိုကျမှုကြောင့် လူ ၅ ဦးအနည်းဆုံး သေဆုံးခဲ့ပြီး ၈ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တရုတ်တောင်ပိုင်းမှာ မိုးကြီးမှုကြောင့် အဝေးပြေးလမ်း ပြိုကျခဲ့ပြီး လူ ၄၈ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဒီလအစောပိုင်းကလည်း လေဆင်နှာမောင်း တိုက်ခတ်လို့ တရုတ်အရှေ့ပိုင်းမှာ လူ ၁ ဦး သေဆုံးပြီး ၇၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013