အပစ်အခတ်ရပ်ရေးဆွေးနွေးပွဲကို အစ္စရေး တက်ရောက်မှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
ဟားမတ်နဲ့ အစ္စရေးအပစ်အခတ်ရပ်ရေးဆွဲနွေးပွဲအတွက် ရည်ရွယ်ပြီး ရောမမှာ လုပ်မယ့် အစည်းအဝေးပွဲကို အစ္စရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ နေတန်ရာဟု ပြောခဲ့တာပါ။
နေတန်ယာဟုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဒုသမ္မတ ဟားရစ်တို့နဲ့ အပစ်အခတ်ရပ်ဆဲရေး ဆိုင်ရာ ဆွေးနွေးမှုပြီး နောက်ရက်မှာ ဖလော်ရီဒါပြည်နည်မှာရှိတဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။
ဘိုင်ဒန်အစိုးရအဖွဲ့ကတော့ အစ္စရေးနဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်ရေးနဲ့ပတ်သက်ပြီး ကွာဟချက်တွေကို နီးကပ်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒီမိုကရက်ပါတီအတွက် ဟားရစ်က ရွေးကောက်ခံသမ္မတလောင်းဖြစ်လာမှာဖြစ်ပေမဲ့ ဂါဇာ နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှာ မဟုတ်ကြောင်း၊ ဂါဇာဒေသက စစ်ဘေးဒဏ်ခံစားနေရတဲ့ လူတွေ အတွက် သဘောတူညီချက်တွေ ရဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။
ဟားရစ်က “ဒီအချိန်က စစ်ပွဲတွေ အဆုံးသတ်ရမယ့်အချိန်ပါ။ ဓားစားခံတွေအားလုံး ပြန်လွှတ်ပြီး ဂါဇာမှာ ပလတ်စ္စတိုင်းတွေခံစားနေရတဲ့ ဒုက္ခတွေကို အဆုံးသတ်ဖို့လိုပါပြီ။ ပါလက်စတိုင်း လူမျိုးတွေဟာ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိဖို့ လိုပါပြီ” လို့ ပြောခဲ့ပါတယ်။
ထရမ့်နဲ့တွေ့ပြီးနောက် နေတန်ယာဟုက ရောမမြို့မှာလုပ်မယ့် အစည်းအဝေးကို အစ္စရေး ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်လို့ ပြောခဲ့ပါတယ်။
ဟားမက်စ်တွေဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ကျူးကျော်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကျော် သတ်ခဲ့ကာ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ လက်တုန့်ပြန်မှုကြောင့် လူပေါင်း ၃၉၀၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ဟားမက်စ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရောမမြို့ဆွေးနွေးပွဲဟာ စစ်ပွဲတွေ အဆုံးသတ်ဖို့ အစဖြစ်ပြီး ဒီဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပါတယ်။
Source-Reuters