တောင်ကိုရီးယားမြားပစ်မယ် လင်ရှီအွန်ဟာ အိုလံပစ်အမျိုးသမီး တဦးချင်းပြိုင်ပွဲမှာ ရမှတ် ၆၉၄ မှတ်နဲ့ ကမ္ဘာ့စံချိန်သစ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက် အိုလံပစ်အမျိုးသမီး တဦးချင်း မြားပစ်ပြိုင်ပွဲမှာ ၂၀၂၀ အိုလံပစ်ကမ္ဘာ့စံချိန် ၆၉၁ ကို လင်ရှီအွန်က ကျော်ဖြတ်နိုင်ခဲ့တာပါ။
လင်ရှီအွန်ဟာ အမျိုးသမီးတဦးချင်း ၆၄ ဦးအဆင့်မှာ စံချိန်တင်ရမှတ်ရအောင် လက်စွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အမျိုးသမီးအိုလံပစ် မြားပစ်အသင်းဟာ ၁၉၈၈ ခုနှစ်ကစပြီး အိုလံပစ်ပြိုင်ပွဲတိုင်း ရွှေတံဆိပ်ဆွတ်ခူး နိုင်ခဲ့သလို လင်ရှီအွန်ကလည်း အသင်းအတွက် တဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရနိုင်မယ့် အခြေအနေကောင်းနေပါတယ်။
လင်ရှီအွန်ဟာ ဒီပြိုင်ပွဲမှာရွှေရဖို့ ကမ္ဘာ့နံပါတ် ၁ မြားပစ်မယ် ကာဆေးကူဖိုးနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။
ကာဆေးကူဖိုးဟာ ပြီးခဲ့တဲ့ပွဲမှာ ရမှတ် ၆၇၂ မှတ်နဲ့ စတုတ္ထအမှတ်အများဆုံးသူ အဖြစ်ရပ်တည်ခဲ့ပါတယ်။
အမေရိကန်လက်ရွေးစင် ကူဖိုး ဟာ ၁၉၇၆ ခုနှစ်နောက်ပိုင်း အိုလံပစ်အမျိုးသမီး မြားပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Photo-Reuters