တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့မှာ ဆမ်ဆောင်းအီလက်ထရောနစ်လုပ်ငန်းက လုပ်သားတွေ ဇူလိုင် ၈ ရက်က မိုးရေကိုအံတုရင်း လုပ်ခလစာပိုပေးဖို့ ၃ ရက်ကြာ တောင်းဆို ဆန္ဒပြနေကြပါတယ်။
ဆမ်ဆောင်းရဲ့ တောင်ကိုရီးယားနိုင်ငံအတွင်း လုပ်သားအင်အား ၂၄ ရာခိုင်နှုန်းဖြစ်တဲ့ လုပ်သား ၃၀,၀၀၀ ဝန်းကျင်ရှိတဲ့ ဆမ်ဆောင်း အီလက်ထရောနစ် အမျိုးသား အလုပ်သမားသမဂ္ဂ (NSEU) က သမဂ္ဂဝင်အဖွဲ့ဝင် လုပ်သားတွေအတွက် နှစ်ပတ်လည်ခံစားခွင့်ကို တရက် အပိုရချင်နေပါတယ်။
ပြီးခဲ့တဲ့လက ပါဝင်ဆန္ဒပြခဲ့တယ်ဆိုတာကို မထုတ်ပြတဲ့ သမဂ္ဂက ဒီအပတ်ထဲမှာ လုပ်သား ၆,၅၄၉ လောက် ဆန္ဒပြခဲ့တယ်လို့ ပြောပါတယ်။
လူပါဝင်မှုနှုန်းက နည်းနေလို့ အလိုအလျောက် ကုန်စည်ထုတ်လုပ်မှု လုပ်ငန်းမှာ ဒီသပိတ်က ကုန်ထုတ်လုပ်မှုအပေါ် အကြီးအကျယ် သက်ရောက်မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ပြောပါတယ်။
အလုပ်သမားသမဂ္ဂဟာ အရင်လက ပထမဆုံး စက်မှုလုပ်ငန်းဆိုင်ရာ အရေးယူ ဆောင်ရွက်တဲ့အနေနဲ့ နှစ်ပတ်လည်ခံစားခွင့်ကို ညှိုယူပြီး အစုလိုက် အပြုံလိုက် အလုပ်မဆင်းဘဲ နေခဲ့ပါတယ်။
ဆမ်ဆောင်းကလည်း ဒီသပိတ်ဟာ စီးပွားရေးအပေါ် သက်ရောက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။
တနင်္လာနေ့သပိတ်နဲ့ ပတ်သက်လို့တော့ မှတ်ချက်ပေးဖို့ ဆမ်ဆောင်းကုမ္ပဏီက ငြင်းခဲ့ပါတယ်။
Source-Reuters