Home
နိုင်ငံတကာ
ပြင်သစ်ရွေးကောက်ပွဲ လက်ဝဲညွန့်ပေါင်းအဖွဲ့က အမတ်နေရာ အများဆုံး အနိုင်ရ
DVB
·
July 8, 2024
Photo-Reuters

၂၀၂၄ ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲမှာ လက်ဝဲညွန့်ပေါင်းအဖွဲ့ New Popular တပ်ဦးက အမတ်နေရာ အများဆုံး အနိုင်ရခဲ့ပါတယ်။

အစောပိုင်းက လက်ယာစွန်းပါတီတွေက တဟုန်ထိုးတက်လာပေမဲ့ မဲအများစုကိုတော့ အနိုင်မရခဲ့ပါဘူး။

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲရဲ့ ပထမဆုံး ခန့်မှန်းရလဒ်တွေကို ထုတ်ပြန် ကြေညာပြီးတဲ့နောက် တနင်္ဂနွေညနေပိုင်းမှာ ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

မဲပေးသူတွေရဲ့ ခန့်မှန်းချက်တွေအပေါ် အခြေခံတဲ့ မဲရလဒ်တွေအရ မာရင်းလာပန်းရဲ့ အမျိုးသားရေးဝါဒီ ဥရောပသမဂ္ဂကို အယုံအကြည်ကင်းမဲ့တဲ့ National Rally ပါတီ (RN) အတွက် ဆုတ်ယုတ်မှုတရပ်လို့ သဘောထားစစ်တမ်းတွေက ခန့်မှန်းခဲ့ကြပြီး တတိယနေရာကိုသာ ရရှိခဲ့ပါတယ်။

ဒုတိယအကျော့ ရွေးကောက်ပွဲမှာ လက်ဝဲစွန်း မဟာမိတ်အဖွဲ့က မထင်မှတ်ဘဲ လက်ယာစွန်း အဖွဲ့ကို ကျော်တက်ပြီး ထိပ်တန်းနေရာကို ရယူထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက ဥရောပပါလီမန် ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးခဲ့အပြီး ဗဟိုဝါဒီသမ္မတ အီမန်နျူယယ် မက်ခရွန်အတွက် ထိုးနှက်ချက်တရပ်လည်း ဖြစ်ပါတယ်။

ပြင်သစ်ရွေးကောက်ပွဲဟာ လွှတ်တော်အတွင်း လက်ဝဲ၊ အလယ်ဗဟိုနဲ့ လက်ယာစွန်း အုပ်စုကြီးသုံးစု ကွဲသွားမှာဖြစ်ပြီး ဒီလိုကွဲပြားတဲ့ အစုအဖွဲ့တွေအားလုံး လက်တွဲအလုပ်လုပ်တဲ့ အစဉ်အလာ လုံးဝမရှိဖူးသေးဘူးလို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013