မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟော်လန်နဲ့ ဘိုလော့ညာ တိုက်စစ်မှူး ဂျိုရူအာ ဇီယက်ဇီကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိထားပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ဟော်လန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်နေသူပါ။
သူဟာ မနှစ်က ဘိုလော့ညာအတွက် ပြိုင်ပွဲစုံမှာ ၁၂ ဂိုးသွင်းခဲ့ပြီး ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
The Athletic သတင်းမှာ ဖော်ပြချက်အရ မန်ယူအသင်းဟာ ဇီယက်ဇီကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီး မိခင်ကလပ်နဲ့ ပြောင်းရွှေ့ကြေး ညှိနိူင်းဖို့ပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ဇီယက်ဇီရဲ့ စာချုပ်ထဲမှာ လျော်ကြေး ပေါင် ၃၄ သန်းပေးနိုင်ရင် စာချုပ်ဖျက်သိမ်းနိုင်ကြောင်း ပါဝင်ပြီး မန်ယူအသင်းဘက်က ပေးချေဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
ဇီယက်ဇီဟာ ဘိုင်ယန်မြူးနစ် လူငယ်အသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး ပါးမား၊ အန်ဒါလက်ချ် အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။