Home
နိုင်ငံတကာ
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနှင့် ဂျပန် စိုးရိမ်
DVB
·
July 11, 2024
Photo-SOUTH KOREAN PRESIDENTIAL OFFICE

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့ဟာ ရုရှားနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေး တိုးမြင့်လာမှုအပေါ် စိုးရိမ်ပူပန်ခဲ့ကြပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြကြောင်း သမ္မတယွန်းရဲ့ ရုံးခန်းက ဇူလိုင် ၁၁ ရက်မှာ ကြေညာပါတယ်။

NATO ထိပ်သီးအစည်းအဝေးကို ၃ နှစ်မြောက် ဆက်တိုက် တက်ရောက်နေတဲ့ ခေါင်းဆောင် ၂ ဦးဟာ ဇူလိုင် ၁၀ ရက် က ဝါရှင်တန်မှာ ကျင်းပတဲ့ အခမ်းအနားရဲ့ ပြင်ပအစီအစဉ်မှာ တွေ့ဆုံခဲ့တာပါ။

ရုရှားနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ အရှေ့အာရှအတွက်သာမက ကမ္ဘာတဝန်း လုံခြုံရေးအတွက်ပါ စိုးရိမ်စရာဖြစ်ကြောင်း သမ္မတ ယွန်းရဲ့ ပြောကြားချက်ကိုလည်း ကိုးကား ထုတ်ပြန်ခဲ့ပါတယ်။

ပြုံယမ်းနဲ့ မော်စကိုရဲ့ ကြီးထွားလာနေတဲ့ ဆက်ဆံရေးဟာ မနှစ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ တို့နဲ့အတူ ကမ့်ပ်ဒေးဗစ်မှာ ကျင်းပခဲ့တဲ့ ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေကြောင်းလည်း သမ္မတ ယွန်းက ပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ၃ နိုင်ငံ ခေါင်းဆောင်တို့ဟာ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ကြဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013