တောင်ကိုရီးယား လူနာကူညီပေးရေးအဖွဲ့တွေဟာ ဆရာဝန်တွေ ဆန္ဒပြတာကိုဆန့်ကျင်တဲ့ စုဝေးပွဲတခုကို ဆိုးလ်မှာ ကြာသပတေးနေ့က ကျင်းပခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ "ဆရာဝန်တွေနဲ့ လူနာတွေ အတူတကွ လျှောက်လှမ်းသင့်တယ်” "ဆရာဝန်တွေဟာ ဆေးကုသမှု ဆိုင်းငံ့တာကို ရပ်တန့်သင့်တယ်” စသဖြင့် ရေးသားထားတဲ့ ကြွေးကြော်သံ စာတန်းတွေကို ကိုင်ဆောင်ထားကြပြီး ဆရာဝန်တွေ ရုတ်တရက် ဆန္ဒထွက်ပြမှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ယွန်ဟက်ပ် သတင်းအေဂျင်စီရဲ့ အဆိုအရ ဆဲဗရန့်စဲ ဆေးရုံ၊ ဂန်းနမ် ဆဲဗရန့်စဲ ဆေးရုံနဲ့ ယုံအင်း ဆဲဗရန့်စဲ ဆေးရုံတွေမှ ဆရာဝန်တွေဟာ ပြင်ပလူနာတွေ၊ အရေးပေါ်ခွဲစိတ်မှုတွေနဲ့ တခြားဝန်ဆောင်မှုတွေကို လွန်ခဲ့တဲ့လနှောင်းပိုင်းကတည်းက ရပ်ဆိုင်းထားခဲ့ပါတယ်။
ကိုရီးယားတက္ကသိုလ်နဲ့ ချွန်းဘွတ်ခ် အမျိုးသားတက္ကသိုလ်တို့မှ ဆေးဘက်ဆိုင်ရာ ပါမောက္ခတွေဟာ ဇူလိုင် ၁၂ ရက်နဲ့ ၂၆ ရက်တွေမှာ စတင်ဆန္ဒပြမယ်လို့ အသီးသီး ကတိပြု ကြေညာထားကြပါတယ်။
Source-Reuters